တောင်ကိုရီယားလက်ရွေးစင်ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ ယူနိုက်တက်

Posted by

မန်ချက်စတာယူနိုက်တက်အသင်းဟာ စီးရီးအေထိပ်သီးကလပ် နာပိုလီအသင်းရဲ့ တောင်ကိုရီးယား ဗဟိုနောက်ခံကစားသမား ကင်မင်ဂျယ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဆောင်းဈေးကွက်ထဲမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဒီနှစ် နွေဈေးကွက်အတွင်းမှာ ခံစစ်ပိုင်းအတွက် ဗဟိုခံစစ်မှူး လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဘယ်နောက်ခံလူ မာလာစီယာတို့ကို ခေါ်ယူထားခဲ့ပေမယ့် ခံစစ်ပိုင်းကို ထပ်မံ ဖြည့်တင်းသွားဖို့ ဆန္ဒရှိနေပါတယ်။ လတ်တလောမှာ ယူနိုက်တက်က ညာနောက်ခံနေရာအတွက် မိုနာကိုရဲ့ ဘရာဇီးလ် right-back ကစားသမား ဗန်ဒါဆင်ကို ချိန်ရွယ်နေတဲ့အပြင် ဗဟိုခံစစ်နေရာအတွက်ကိုပါ နာပိုလီရဲ့ ကိုရီးယား ခံစစ်မှူး ကင်မင်ဂျယ်ကို စောင့်ကြည့်လျက် ရှ်ီနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိ တောင်ကိုရီးယား လက်ရွေးစင် centre-back ကစားသမား ကင်မင်ဂျယ်ဟာ ဒီနှစ် နွေဈေးကွက်ကမှ တူရကီကလပ် ဖီနာဘာချီကနေ နာပိုလီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ စီးရီးအေ (၆)ပွဲကစား (၂)ဂိုးထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ဒါ့အပြင် ကင်မယ်ဂျယ်ဟာ ချန်ပီယံလိဂ်မှာ နာပိုလီက လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာပါ နာပိုလီ ခံစစ်အတွင်း အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါသေးတယ်။

CNN တူရကီရဲ့ သတင်းဖော်ပြချက်အရ ကင်မင်ဂျယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာပဲ ကင်မင်ဂျယ် အပြောင်းအရွှေ့အတွက် နာပိုလီနဲ့ ဇန်နဝါရီမှာ ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်လို့ ဖော်ပြလာပါတယ်။ နာပိုလီက ကင်မင်ဂျယ်ကို ခေါ်ယူခဲ့စဉ်တုန်းက စာချုပ်လျော်ကြေးအဖြစ် ပေါင်(၄၄)သန်းနဲ့ သတ်မှတ်ထားပါတယ်။ယူနိုက်တက်တာဝန်ရှိသူများက သူ့ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့သိရသည်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ စီးရီးေအထိပ္သီးကလပ္ နာပိုလီအသင္းရဲ့ ေတာင္ကိုရီးယား ဗဟိုေနာက္ခံကစားသမား ကင္မင္ဂ်ယ္ကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနၿပီး ေဆာင္းေဈးကြက္ထဲမွာပဲ ကမ္းလွမ္းမွုေတြ ျပဳလုပ္ဖြယ္ ရွိေနတယ္လို႔ သတင္းေတြကေန ေဖာ္ျပလာခဲ့ပါတယ္။

ယူနိုက္တက္အသင္းက ဒီႏွစ္ ေႏြေဈးကြက္အတြင္းမွာ ခံစစ္ပိုင္းအတြက္ ဗဟိုခံစစ္မွူး လီဆန္ဒရိုမာတီနက္ဇ္နဲ႔ ဘယ္ေနာက္ခံလူ မာလာစီယာတို႔ကို ေခၚယူထားခဲ့ေပမယ့္ ခံစစ္ပိုင္းကို ထပ္မံ ျဖည့္တင္းသြားဖို႔ ဆႏၵရွိေနပါတယ္။ လတ္တေလာမွာ ယူနိုက္တက္က ညာေနာက္ခံေနရာအတြက္ မိုနာကိုရဲ့ ဘရာဇီးလ္ right-back ကစားသမား ဗန္ဒါဆင္ကို ခ်ိန္ရြယ္ေနတဲ့အျပင္ ဗဟိုခံစစ္ေနရာအတြက္ကိုပါ နာပိုလီရဲ့ ကိုရီးယား ခံစစ္မွူး ကင္မင္ဂ်ယ္ကို ေစာင့္ၾကည့္လ်က္ ရွ္ီေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ရွိ ေတာင္ကိုရီးယား လက္ေရြးစင္ centre-back ကစားသမား ကင္မင္ဂ်ယ္ဟာ ဒီႏွစ္ ေႏြေဈးကြက္ကမွ တူရကီကလပ္ ဖီနာဘာခ်ီကေန နာပိုလီကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး လက္ရွိမွာ စီးရီးေအ (၆)ပြဲကစား (၂)ဂိုးထိပါ သြင္းယူထားနိုင္ခဲ့ပါတယ္။ဒါ့အျပင္ ကင္မယ္ဂ်ယ္ဟာ ခ်န္ပီယံလိဂ္မွာ နာပိုလီက လီဗာပူးလ္ကို အနိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာပါ နာပိုလီ ခံစစ္အတြင္း အေကာင္းဆုံး စြမ္းေဆာင္ျပနိုင္ခဲ့ပါေသးတယ္။

CNN တူရကီရဲ့ သတင္းေဖာ္ျပခ်က္အရ ကင္မင္ဂ်ယ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ယူနိုက္တက္က လာမယ့္ ေဆာင္းေဈးကြက္မွာပဲ ကင္မင္ဂ်ယ္ အေျပာင္းအေရႊ႕အတြက္ နာပိုလီနဲ႔ ဇန္နဝါရီမွာ ေဆြးေႏြးမွုေတြ ျပဳလုပ္မွာျဖစ္ပါတယ္လို႔ ေဖာ္ျပလာပါတယ္။ နာပိုလီက ကင္မင္ဂ်ယ္ကို ေခၚယူခဲ့စဥ္တုန္းက စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ေပါင္(၄၄)သန္းနဲ႔ သတ္မွတ္ထားပါတယ္။ယူနိုက္တက္တာဝန္ရွိသူမ်ားက သူ႔ကို ေခၚယူဖို႔ ဆုံးျဖတ္ထားတယ္လို႔သိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *