ယူနိုက်တက်ဘယ်နောက်ခံလူကို ကမ္ဘာ့ဖလားမှာ နေရာအသစ်နဲ့ ပွဲထုတ်သွားမယ့် နယ်သာလန်နည်းပြလူးဝစ်ဗန်ဂါးလ်

Posted by

နယ်သာလန်နည်းပြ လူးဝစ်ဗန်ဂါးလ်သည် ယခုဆောင်းရာသီ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် မန်ယူဘယ်နောက်ခံလူ တိုင်ရဲလ်မာလာစီယာကို ဗဟိုခံစစ်ကစားသမားအဖြစ် အသုံးပြုဖွယ်ရှိသည်။မနေ့ညက ဘယ်လ်ဂျီယံကို 1-0 နဲ့အနိုင်ရခဲ့တဲ့ UEFA Nations League မှာ မန်စီးတီးရဲ့ Nathan Ake ရဲ့ နေရာကို ယူနိုက်တကိနောက်ခံလူနဲ့ အစားထိုးခဲ့ပါတယ်။

ဗန်ဟားက ခံစစ် ( ၃ )ယောက်တန်း ကစားကွက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ယူနိုက်တက်ရဲ့ နံပါတ် ( ၁၂ ) ပိုင်ရှင်ဟာ လီဗာပူးလ်ရဲ့ ဗာဂျယ် ဗန်ဒိုက် ၊ အေဂျက်ရဲ့ ဂျူရီရမ် တင်ဘာတို့နဲ့အတူ ဗဟိုနောက်ခံနေရာမှာ ကစားခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဒါလေဘလိုင်းဟာ ဘယ်တောင်ပံ နောက်တန်း နေရာမှာ ကစားနေတာကြောင့် နယ်သာလန်နည်းပြ ဗန်ဟားဟာ မာလာစီယာကို ပုံမှန်မဟုတ်တဲ့နေရာမှာကစားဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

မာလာစီယာရဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး ESPN နှင့် NOS သတင်းဌာနတို့နှင့် တွေ့ဆုံမေးမြန်းမှုမှာ ဗန်ဂါးလ်က သူရဲ့ အတွေးအမြင်များကို ရှင်းရှင်းလင်းလင်းပြောကြားလာခဲ့ပါတယ်။“မာတင်စ်အင်ဒီဟာ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ အချိန်မီမမီနိုင်လို့ မာလာစီယာကို ဘယ်ဗဟိုနောက်ခံလူနေရာမှာ ကျွန်တော်ထားခဲ့တယ်၊

“အဲဒီမှာ ကစားနိုင်တဲ့ တခြားကစားသမားတွေကိုလဲ စောင့်ကြည့်ရမှာဖြစ်ပြီး မာလာစီယာ ဘာလုပ်နိုင်မလဲဆိုတာ သိချင်ပါတယ်၊ ဒါကြောင့် အကီကို လူစားလဲခဲ့တာပါ။ “သူဟာ ခံစစ်ပိုင်း အရမ်းကောင်းတယ်။ “ဒါပေမယ့် တည်ဆောက်မှုမှာ အပြုသဘောဆောင်တဲ့ အလုပ်က အများကြီး ပိုကောင်းလာနိုင်တယ်။”

မာလာစီယာရဲ့ ကီဗင် ဒီဘရိုင်းနားကို ထိန်းချုပ်ပြခဲ့ပုံက ကျေနပ်ဖို့ကောင်းပေးမယ့် ဘောလုံးပေးပို့မှုအချို့မှာတော့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။

Zawgyi

နယ္သာလန္နည္းၿပ လူးဝစ္ဗန္ဂါးလ္သည္ ယခုေဆာင္းရာသီ ကာတာကမၻာ့ဖလားၿပိဳင္ပြဲတြင္ မန္ယူဘယ္ေနာက္ခံလူ တိုင္ရဲလ္မာလာစီယာကို ဗဟိုခံစစ္ကစားသမားအျဖစ္ အသုံးျပဳဖြယ္ရွိသည္။မေန႔ညက ဘယ္လ္ဂ်ီယံကို 1-0 နဲ႔အနိုင္ရခဲ့တဲ့ UEFA Nations League မွာ မန္စီးတီးရဲ့ Nathan Ake ရဲ့ ေနရာကို ယူနိုက္တကိေနာက္ခံလူနဲ႔ အစားထိုးခဲ့ပါတယ္။

ဗန္ဟားက ခံစစ္ ( ၃ )ေယာက္တန္း ကစားကြက္ကို အသုံးျပဳတာျဖစ္တဲ့အတြက္ ယူနိုက္တက္ရဲ့ နံပါတ္ ( ၁၂ ) ပိုင္ရွင္ဟာ လီဗာပူးလ္ရဲ့ ဗာဂ်ယ္ ဗန္ဒိုက္ ၊ ေအဂ်က္ရဲ့ ဂ်ဴရီရမ္ တင္ဘာတို႔နဲ႔အတူ ဗဟိုေနာက္ခံေနရာမွာ ကစားခဲ့ရပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ကစားသမားေဟာင္း ျဖစ္သူ ဒါေလဘလိုင္းဟာ ဘယ္ေတာင္ပံ ေနာက္တန္း ေနရာမွာ ကစားေနတာေၾကာင့္ နယ္သာလန္နည္းၿပ ဗန္ဟားဟာ မာလာစီယာကို ပုံမွန္မဟုတ္တဲ့ေနရာမွာကစားဖို႔ ျပင္ဆင္လာတာျဖစ္ပါတယ္။

မာလာစီယာရဲ့ အေျခအေနေတြနဲ႔ပတ္သတ္ၿပီး ESPN ႏွင့္ NOS သတင္းဌာနတို႔ႏွင့္ ေတြ႕ဆုံေမးျမန္းမွုမွာ ဗန္ဂါးလ္က သူရဲ့ အေတြးအျမင္မ်ားကို ရွင္းရွင္းလင္းလင္းေျပာၾကားလာခဲ့ပါတယ္။“မာတင္စ္အင္ဒီဟာ ဒဏ္ရာျပႆနာေၾကာင့္ ကမၻာ့ဖလားၿပိဳင္ပြဲဝင္ဖို႔ အခ်ိန္မီမမီနိုင္လို႔ မာလာစီယာကို ဘယ္ဗဟိုေနာက္ခံလူေနရာမွာ ကၽြန္ေတာ္ထားခဲ့တယ္၊

“အဲဒီမွာ ကစားနိုင္တဲ့ တျခားကစားသမားေတြကိုလဲ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး မာလာစီယာ ဘာလုပ္နိုင္မလဲဆိုတာ သိခ်င္ပါတယ္၊ ဒါေၾကာင့္ အကီကို လူစားလဲခဲ့တာပါ။ “သူဟာ ခံစစ္ပိုင္း အရမ္းေကာင္းတယ္။ “ဒါေပမယ့္ တည္ေဆာက္မွုမွာ အျပဳသေဘာေဆာင္တဲ့ အလုပ္က အမ်ားႀကီး ပိုေကာင္းလာနိုင္တယ္။”

မာလာစီယာရဲ့ ကီဗင္ ဒီဘရိုင္းနားကို ထိန္းခ်ဳပ္ျပခဲ့ပုံက ေက်နပ္ဖို႔ေကာင္းေပးမယ့္ ေဘာလုံးေပးပို႔မွုအခ်ိဳ႕မွာေတာ့ လိုအပ္ခ်က္ေတြ ရွိခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *