ဘွန်ဒက်လီဂါရဲ့ အသက်အငယ်ဆုံးစံချိန်တင် ဂိုးသွင်းသူဆုရှင်ကို လျှော့စျေးဖြင့်ခေါ်ယူဖို့ပြင်ဆင်လာတဲ့ ယူနိုက်တက်

Posted by

စပိန်သတင်းစာ El Desmarque မှဖော်ပြချက်အရ ယူနိုက်တက်သည် ဒေါ့မွန်တိုက်စစ်မှူး ရိုဆူဖာမိုကိုကို ကိုခေါ်ယူရန်အတွက် ပီအက်စ်ဂျီနှင့် ရီးယဲလ်မက်ဒရစ်တို့ကို ယှဉ်ပြိုင်ရန်စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ ဒေါ့မွန်အသင်း၏ အသက် 17 နှစ်အရွယ် တိုက်စစ်မှူးသည် ယခုနွေရာသီတွင် ကလပ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

မော်ကိုကို သည် ဥရောပတွင် အကောင်းဆုံး လူငယ်ကစားသမားအဖြစ် အဆင့်သတ်မှတ်ခံရသော်လည်း လက်ရှိအချိန်မှာတော့ ပှံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ဆယ်ကျော်သက်ကစားသမားသည် ယခုနှစ်နွေရာသီတွင် အလွတ်အေးဂျင့်အဖြစ် ကလပ်မှထွက်ခွာရန် ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်သည် အသင်းရဲ့တိုက်စစ်ပိုင်းကို တိုးမြှင့်ရန်အတွက် တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီး မိုကိုကိုသည် ၎င်ရဲ့ ကစားသမားစွမ်းဆောင်ရည်ကို ဖွံဖြိုးအောင်ပြုလုပ်နိုင်တဲ့ တန်ဟတ်နဲ့အတူ အလုပ်လုပ်ကိုင်ရန် စိတ်အားထက်သန်နေနိုင်သည်။ယူနိုက်တက်ဘက်မှလဲ အဆိုပါကစားသမားကို လျှော့စျေးနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် 17 နှစ်သာရှိသေးတဲ့ မော်ကိုကိုဟာ 2016 ခုနှစ်ကတည်းက ဒေါ့မွန်အသင်းရဲ့လူစာရင်းမှာပါဝင်ခဲ့ပြီးဗဟိုတိုက်စစ် သို့မဟုတ် ဒုတိယတိုက်စစ်မှူးအဖြစ်ကစားနိုင်သူလဲ ဖြစ်ပါတယ်။

ဘယ်ခြေသန်တဲ့ လူငယ်ကစားသမား မိုကိုကိုဟာ မကြာသေးမီနှစ်များအတွင်း ကလပ်အဆင့်တွင် ဂိုးများသွင်းယူခဲ့ပြီး 136 ပွဲတွင် 149 ဂိုးအထိ သွင်းယူခဲ့ကာ ဒေါ့မွန် ပထမအသင်းမှာ 7ကြိမ် ပွဲထွက်ခွင့်ရထားပါတယ်။မိုကိုကိုသည် 2020/2021 ခုနှစ်အတွင်း ဘွန်ဒက်လီဂါရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်ကိုရရှိထားသူဖြစ်ပါတယ်။

ဒေါ့မွန်ကြယ်ပွင့်လေး မိုကိုကိုသည် ၎င်းရဲ့ စာချုပ်သက်တမ်းကုန်ဆုံးမည့် နောက်ဆုံးနှစ်သို့ရောက်ရှိလာချိန်မှာတော့ ထိပ်သီးအသင်းများရဲ့ သိသိသာသာစိတ်ဝင်စားမှုကို ခံနေရပါပြီ။အသက် 17 နှစ်အရွယ် တိုက်စစ်မှူးကို ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ PSG တို့က စိတ်ဝင်စားနေပါတယ်။

Zawgyi

စပိန္သတင္းစာ El Desmarque မွေဖာ္ျပခ်က္အရ ယူနိုက္တက္သည္ ေဒါ့မြန္တိုက္စစ္မွူး ရိုဆူဖာမိုကိုကို ကိုေခၚယူရန္အတြက္ ပီအက္စ္ဂ်ီႏွင့္ ရီးယဲလ္မက္ဒရစ္တို႔ကို ယွဥ္ၿပိဳင္ရန္စီစဥ္ေနေၾကာင္း ေဖာ္ျပခဲ့သည္။ ေဒါ့မြန္အသင္း၏ အသက္ 17 ႏွစ္အရြယ္ တိုက္စစ္မွူးသည္ ယခုေႏြရာသီတြင္ ကလပ္အသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မည္ျဖစ္သည္။

ေမာ္ကိုကို သည္ ဥေရာပတြင္ အေကာင္းဆုံး လူငယ္ကစားသမားအျဖစ္ အဆင့္သတ္မွတ္ခံရေသာ္လည္း လက္ရွိအခ်ိန္မွာေတာ့ ပွံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ဆယ္ေက်ာ္သက္ကစားသမားသည္ ယခုႏွစ္ေႏြရာသီတြင္ အလြတ္ေအးဂ်င့္အျဖစ္ ကလပ္မွထြက္ခြာရန္ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

ယူနိုက္တက္သည္ အသင္းရဲ့တိုက္စစ္ပိုင္းကို တိုးျမႇင့္ရန္အတြက္ တိုက္စစ္မွူးတစ္ဦးကို ရွာေဖြေနၿပီး မိုကိုကိုသည္ ၎င္ရဲ့ ကစားသမားစြမ္းေဆာင္ရည္ကို ဖြံၿဖိဳးေအာင္ျပဳလုပ္နိုင္တဲ့ တန္ဟတ္နဲ႔အတူ အလုပ္လုပ္ကိုင္ရန္ စိတ္အားထက္သန္ေနနိုင္သည္။ယူနိုက္တက္ဘက္မွလဲ အဆိုပါကစားသမားကို ေလၽွာ့ေစ်းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အသက္ 17 ႏွစ္သာရွိေသးတဲ့ ေမာ္ကိုကိုဟာ 2016 ခုႏွစ္ကတည္းက ေဒါ့မြန္အသင္းရဲ့လူစာရင္းမွာပါဝင္ခဲ့ၿပီးဗဟိုတိုက္စစ္ သို႔မဟုတ္ ဒုတိယတိုက္စစ္မွူးအျဖစ္ကစားနိုင္သူလဲ ျဖစ္ပါတယ္။

ဘယ္ေျခသန္တဲ့ လူငယ္ကစားသမား မိုကိုကိုဟာ မၾကာေသးမီႏွစ္မ်ားအတြင္း ကလပ္အဆင့္တြင္ ဂိုးမ်ားသြင္းယူခဲ့ၿပီး 136 ပြဲတြင္ 149 ဂိုးအထိ သြင္းယူခဲ့ကာ ေဒါ့မြန္ ပထမအသင္းမွာ 7ႀကိမ္ ပြဲထြက္ခြင့္ရထားပါတယ္။မိုကိုကိုသည္ 2020/2021 ခုႏွစ္အတြင္း ဘြန္ဒက္လီဂါရဲ့ အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ စံခ်ိန္ကိုရရွိထားသူျဖစ္ပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ေလး မိုကိုကိုသည္ ၎ရဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးမည့္ ေနာက္ဆုံးႏွစ္သို႔ေရာက္ရွိလာခ်ိန္မွာေတာ့ ထိပ္သီးအသင္းမ်ားရဲ့ သိသိသာသာစိတ္ဝင္စားမွုကို ခံေနရပါၿပီ။အသက္ 17 ႏွစ္အရြယ္ တိုက္စစ္မွူးကို ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္၊ မန္ခ်က္စတာယူနိုက္တက္နဲ႔ PSG တို႔က စိတ္ဝင္စားေနပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *