ယူနိုက်တက်ပစ်မှတ် ဂိုးသမားအော့ဘလက်နဲ့ပတ်သတ်ပြီးအကြောင်းပြန်လိုက်တဲ့ အက်သလက်တီကို

Posted by

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိထားတဲ့ နံပါတ်တစ် ဂိုးသမား အော့ဘလက်ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ရောင်းချဖွယ် ရှိကြောင်း သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဆလိုဗက်နီးယား အသင်းခေါင်းဆောင် ဂိုးသမား အော့ဘလက်က ၂၀၁၄ခုနှစ်မှာ ဘင်ဖီကာ ကနေ အက်သလက်တီကို မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၆သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို သိမ်းပိုက်ထားနိုင်သူ ဖြစ်ပြီး သူဟာ လက်ရှိ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမား ၃ဦး စာရင်းဝင်သူလည်း ဖြစ်ပါတယ်။

အော့ဘလက်က အက်သလက်တီကို မက်ဒရစ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပေမယ့် သူနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး အက်သလက်တီကို မက်ဒရစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ပေမယ့် အော့ဘလက်ကတော့ ထိပ်တန်းအသင်း တသင်းဆီသာ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပါတယ်။

ဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်က ရာသီကုန်မှာ အော့ဘလက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မယ့် အစား လာမယ့် ဆောင်းဈေးကွက်မှာတင်ပဲ အော့ဘလက်ကို ရောင်းချဖို့ စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက်က အော့ဘလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဟော့ကန်ဆန်က ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ စပိန်ကြယ်ပွင့် ဂိုးသမား ဒီဂီယာကို ပိုင်ဆိုင်ထားပေမယ့် ဒီဂီယာရဲ့ မြင့်မားတဲ့ လုပ်ခလစာနဲ့ အသင်းရဲ့ ကစားကွက်ကို မကူညီနိုင်မှုတို့ကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒီဂီယာကို စာချုပ်သစ် မချုပ်တော့ပဲ ရာသီကုန်ရင် အလွတ်နဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ စဉ်းစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီဂီယာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ထိပ်တန်း ဂိုးသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေဟာ လက်စွမ်းပိုင်း စိတ်ချရသလို ဒီဂီယာထက် ပိုပြီး ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်ထဲမှာ အံဝင်အောင် ကစားနိုင်တဲ့ အော့ဘလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ အော့ဘလက်နဲ့ ဒီဂီယာကို အလဲအထပ် လုပ်လာနိုင်ကြောင်းလည်း နာမည်ကြီး အေးဂျင့်တချို့က သုံးသပ်နေကြပါတယ်။
Zawgyi

ယူနိုက္တက္ပစ္မွတ္ ဂိုးသမားေအာ့ဘလက္နဲ႔ပတ္သတ္ၿပီးအေၾကာင္းျပန္လိုက္တဲ့ အက္သလက္တီကို

စပိန္လာလီဂါ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ အက္သလက္တီကို မက္ဒရစ္က သူတို႔အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့သလို မန္ခ်က္စတာ ယူနိုက္တက္ရဲ့ စိတ္ဝင္စားမွုကိုပါ ရရွိထားတဲ့ နံပါတ္တစ္ ဂိုးသမား ေအာ့ဘလက္ကို လာမယ့္ ေဆာင္းရာသီ အေျပာင္းအေရႊ႕ ေဈးကြက္ အတြင္းမွာ ေရာင္းခ်ဖြယ္ ရွိေၾကာင္း သတင္းရင္းျမစ္ တခ်ိဳ႕က ေဖာ္ျပလာၾကပါတယ္။

အသက္ ၂၉ႏွစ္ အရြယ္ ဆလိုဗက္နီးယား အသင္းေခါင္းေဆာင္ ဂိုးသမား ေအာ့ဘလက္က ၂၀၁၄ခုႏွစ္မွာ ဘင္ဖီကာ ကေန အက္သလက္တီကို မက္ဒရစ္ထံ ေျပာင္းေရႊ႕ေၾကး ယူရို ၁၆သန္းနဲ႔ ေျပာင္းေရႊ႕လာၿပီးကတည္းက အသင္းရဲ့ နံပါတ္တစ္ ဂိုးသမား ေနရာကို သိမ္းပိုက္ထားနိုင္သူ ျဖစ္ၿပီး သူဟာ လက္ရွိ လာလီဂါၿပိဳင္ပြဲရဲ့ အေကာင္းဆုံး ဂိုးသမား ၃ဦး စာရင္းဝင္သူလည္း ျဖစ္ပါတယ္။

ေအာ့ဘလက္က အက္သလက္တီကို မက္ဒရစ္ရဲ့ မရွိမျဖစ္ ကစားသမား တဦး ျဖစ္ေပမယ့္ သူနဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ရဲ့ ၾကားမွာ ရွိေနတဲ့ စာခ်ဳပ္သက္တမ္းဟာ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ ကုန္ဆုံးဖို႔ ရွိေနၿပီး အက္သလက္တီကို မက္ဒရစ္က သူ႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ေပမယ့္ ေအာ့ဘလက္ကေတာ့ ထိပ္တန္းအသင္း တသင္းဆီသာ ေျပာင္းေရႊ႕ဖို႔ စိတ္ကူးရွိေနပါတယ္။

ဒါေၾကာင့္ပဲ အက္သလက္တီကို မက္ဒရစ္က ရာသီကုန္မွာ ေအာ့ဘလက္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္မယ့္ အစား လာမယ့္ ေဆာင္းေဈးကြက္မွာတင္ပဲ ေအာ့ဘလက္ကို ေရာင္းခ်ဖို႔ စဥ္းစားေနၿပီး မန္ခ်က္စတာ ယူနိုက္တက္က ေအာ့ဘလက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း နာမည္ႀကီး သတင္းေထာက္ တဦး ျဖစ္သူ ေဟာ့ကန္ဆန္က ဆိုပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္က လက္ရွိမွာ စပိန္ၾကယ္ပြင့္ ဂိုးသမား ဒီဂီယာကို ပိုင္ဆိုင္ထားေပမယ့္ ဒီဂီယာရဲ့ ျမင့္မားတဲ့ လုပ္ခလစာနဲ႔ အသင္းရဲ့ ကစားကြက္ကို မကူညီနိုင္မွုတို႔ေၾကာင့္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ဒီဂီယာကို စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့ပဲ ရာသီကုန္ရင္ အလြတ္နဲ႔ အသင္းကေန ထြက္ခြာခြင့္ ေပးဖို႔ စဥ္းစားေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္က ဒီဂီယာရဲ့ ေနရာအတြက္ အစားထိုးမွု အျဖစ္ ထိပ္တန္း ဂိုးသမား တဦးကို ေခၚယူဖို႔ စီစဥ္ထားတာေၾကာင့္ ယူနိုက္တက္ရဲ့ အေျပာင္းအေရႊ႕ တာဝန္ခံေတြဟာ လက္စြမ္းပိုင္း စိတ္ခ်ရသလို ဒီဂီယာထက္ ပိုၿပီး ေဘာလုံးပိုင္ဆိုင္မွု အသားေပး ကစားကြက္ထဲမွာ အံဝင္ေအာင္ ကစားနိုင္တဲ့ ေအာ့ဘလက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး မန္ခ်က္စတာ ယူနိုက္တက္နဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ဟာ ေအာ့ဘလက္နဲ႔ ဒီဂီယာကို အလဲအထပ္ လုပ္လာနိုင္ေၾကာင္းလည္း နာမည္ႀကီး ေအးဂ်င့္တခ်ိဳ႕က သုံးသပ္ေနၾကပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *