ရီးရဲမက်ဒရစ်ရဲ့ ကွင်းလယ်အတွဲကို ထိန်းချုပ်ပြီး အကောင်းဆုံးဆု ရယူသွားတဲ့ သရဲနီကြယ်ပွင့်

Posted by

ဒိန်းမက် 2-0 ပြင်သစ်၊ နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ယူနိုက် တက်မှ ကွင်းလယ်လူ အဲရစ်ဆင်က ဒိန်းမက်အတွက် ပွဲ ထွက်ကစားသမားအဖြစ်ပါဝင်ပြီး ပွဲပြီးချိန်အထိ ကစားခဲ့သည်။ ယင်းပွဲတွင် အဲရစ်ဆင်က အသင်းအတွက်အထူး ခြေစွမ်းပြသခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟာ အဆိုပါပွဲစဉ်မှာ ပြင်သစ်အသင်းရဲ့ ရီးရဲမက်ဒရစ် ကွင်းလယ်အတွဲဖြစ်တဲ့ ကာမာဗင်ဂါ ၊ ချူရာမန်နီတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။

အဲရစ်ဆင်ဟာ ပြင်သစ်အသင်းနဲ့ပွဲစဥ်မှာ တိကျတဲ့ဘောလုံးပေးပို့မှု 84%ထိ ရှိခဲ့ပြီး အခွင့်အရေးဖန်တီးပေးပို့မှု ၈ကြိမ်ထိ ရှိခဲ့ပါတယ်။ဂိုးရလုနီး ဖန်တီးမူတစ်ကြိမ်လည်း လုပ်ခဲ့ပါသေးတယ်။ဗာရန်းပါဝင်ကစားခဲ့ခြင်းမရှိပေ။

ဒီနေ့ပွဲစဥ်မှာ ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆင်ဟာ Ratingsအများဆုံးဖြစ်ခဲ့ပြီး Player Of the Matchဆုရခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် အဲရစ်ဆင်ကို အလွတ်ကြေးနဲ့ ရရှိခဲ့တာဟာ အကောင်းဆုံးခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။အဲရစ်ဆင်ရောက်ရှိလာတာကြောင့် ယူနိုက်တက်ရဲ့ကွင်းလယ်ဟာ အတိုင်းအတာတစ်ခုထိ စိတ်ချနေရပါပြီ။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *