အသက်၂၀အရွယ် အေဂျက်စ်ကွင်းလယ်ကြယ်ပွင့်ကို စိတ်ဝင်စားလာတဲ့ အဲရစ်တန်ဟတ်

Posted by

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကက်နက်တေလာ ကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ယူနိုက်တက် နည်းပြ အဲရစ်ဆယ်ဟက်ဂ် ဟာ အသင်းဟောင်း အေဂျက်စ် အသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့ လီဆန်ဒရို မာတီနက်ဇ် နဲ့ အန်တိုနီတို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ပရိသတ်တွေက တန်ဟန့်အနေနဲ့အေဂျက်စ်ကစားသမားတွေကို ထပ်မံခေါ်ယူနိုင်တယ်လို့ ထင်ကြေးပေးထားပါတယ်။

တေလာဟာ တန်ဟန့်ရဲ့ လက်အောက်မှာ ပွဲဦးထွက်စတင်ခဲ့သူဖြစ်ပြီး၊ ရိုင်ယန် ဂရေဗမ်ဘတ်ခ်ျကိုကျော်ပြီး နယ်သာလန်အသင်းအတွက် နည်းပြ လူးဝစ် ဗန်ဟားလ်ရဲ့ ရွေးချယ်ခြင်းကို ပထမဆုံးအကြိမ်ခံထားရသူဖြစ်ပါတယ်။

တေလာဟာ အေဂျက်စ်အသင်းအတွက် ပွဲဦးထွက်ထဲက အထင်ကြီးစရာကောင်းသော ခြေစွမ်းကိုဖြတ်သန်းခဲ့ပြီး ယခုရာသီမှာ အသင်းအတွက် ခုနစ်ပွဲကစားထားပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

အေဂျက်နည်းပြဟောင်း အက်ဒ် ဒီမော့စ်က တေလာဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်မယ့် ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ဆိုလိုက်ပြီး နောက်နှစ်နွေရာသီမှာ အသင်းကြီးတစ်သင်းဆီ ပြောင်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေအဂ်က္စ္အသင္းရဲ့ ကြင္းလယ္ကစားသမား ကက္နက္ေတလာ ကိုေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

လက္ရွိ ယူနိုက္တက္ နည္းၿပ အဲရစ္ဆယ္ဟက္ဂ္ ဟာ အသင္းေဟာင္း ေအဂ်က္စ္ အသင္းရဲ့ကစားသမားေတြျဖစ္ၾကတဲ့ လီဆန္ဒရို မာတီနက္ဇ္ နဲ႔ အန္တိုနီတို႔ကို ေခၚယူခဲ့တာျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ ပရိသတ္ေတြက တန္ဟန႔္အေနနဲ႔ေအဂ်က္စ္ကစားသမားေတြကို ထပ္မံေခၚယူနိုင္တယ္လို႔ ထင္ေၾကးေပးထားပါတယ္။

ေတလာဟာ တန္ဟန႔္ရဲ့ လက္ေအာက္မွာ ပြဲဦးထြက္စတင္ခဲ့သူျဖစ္ၿပီး၊ ရိုင္ယန္ ဂေရဗမ္ဘတ္ခ္်ကိုေက်ာ္ၿပီး နယ္သာလန္အသင္းအတြက္ နည္းၿပ လူးဝစ္ ဗန္ဟားလ္ရဲ့ ေရြးခ်ယ္ျခင္းကို ပထမဆုံးအႀကိမ္ခံထားရသူျဖစ္ပါတယ္။

ေတလာဟာ ေအဂ်က္စ္အသင္းအတြက္ ပြဲဦးထြက္ထဲက အထင္ႀကီးစရာေကာင္းေသာ ေျခစြမ္းကိုျဖတ္သန္းခဲ့ၿပီး ယခုရာသီမွာ အသင္းအတြက္ ခုနစ္ပြဲကစားထားၿပီး ၃ ဂိုးသြင္းယူကာ ဂိုးဖန္တီးမွု ၂ ႀကိမ္ ျပဳလုပ္ထားပါတယ္။

ေအဂ်က္နည္းျပေဟာင္း အက္ဒ္ ဒီေမာ့စ္က ေတလာဟာ ကမၻာ့ဖလားမွာ ေျခစြမ္းျပနိုင္မယ့္ ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔ ဆိုလိုက္ၿပီး ေနာက္ႏွစ္ေႏြရာသီမွာ အသင္းႀကီးတစ္သင္းဆီ ေျပာင္းလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

Leave a Reply

Your email address will not be published.