လူကြည့်များနေတဲ့ Prime Video ပြိုင်ပွဲတွေမှာ ပါဝင်ချင်နေတဲ့ အောင်လအန်ဆန်း

Posted by

Unicode

စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ONE Championship နှင့် Amazon prime တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်နေသည့် ONE on Prime Video ပြိုင်ပွဲတွေဂာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တတ်နေသလို ONE Championship ကဖိုက်တာတွေဟာလည်း အဆိုပါပြိုင်ပွဲကြီးတွင် ပါဝင်ထိုးသတ်ခွင့်ရဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

အဆိုပါ ONE on Prime Video ပြိုင်ပွဲကြီးတွင် အမေရိကန်အခြေစိုက် MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ မြန်မာကိုယ်စားပြုဖိုက်တာကြီး အောင်လအန်ဆန်းဟာလည်း ပါဝင်ထိုးသတ်ဖို့ ဆန္ဒပြင်းပြနေပြီး ပွဲတည်ပေးဖို့ ONE Championship ထံ ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

ONE Championship ဟာ Amazon prime မှာ ထုတ်လွှင့်မည့် ONE on Prime Video 4 ပြိုင်ပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပဖို့ လျာထားတာကြောင့် အောင်လအန်ဆန်းဟာ ထိုပြိုင်ပွဲကြီးတွင် ဂျပန်ဝါရင့်ဖိုက်တာကြီး ယူရှင်အိုကာမီနှင့် ထိုးသတ်ခွင့်ရဖို့ ဆန္ဒပြင်းပြနေတာ ဖြစ်ပါတယ်။

ONE Championship ဘက်ကတော့ အောင်လအန်ဆန်းရဲ့ နောက်ပွဲစဉ်နှင့်ပတ်သတ်ပြီး တိကျသေချာသည့် အကြောင်းအရာမျိုး ထုတ်ပြောလာခြင်းမရှိသေးသော်လည်း နောက်ကွယ်မှာတော့ အောင်လနှင့် အိုကာမီတို့ကို ပွဲတည်ပေးဖို့ စီစဉ်နေတာ ခရီးအတော်ရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

UFC ကို ကျော်တတ်ပြီး ကမ္ဘာ့အကောင်းဆုံး MMA အဖွဲ့အစည်းဖြစ်လာဖို့ ရည်မှန်းနေသည့် ONE Championship ဟာ Prime Video နှင့်အတူ မြောက်အမေရိက ခရီးစဉ်မှာ ဘယ်လောက်ထိ ခရီးပေါက်ရောက်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါဘဲ။

ပရိသတ်ကြီးတို့ရော အောင်လအန်ဆန်းတစ်ယောက် သူထိုးသတ်‌ချင်နေသည့် ယူရှင်အိုကာမီနှင့် ONE on Prime Video 4 ပြိုင်ပွဲမှာ ပါဝင်ထိုးသတ်ခွင့်ရသွားလိမ့်မည်ဟု ထင်ပါသလားခင်ဗျာ။

Zawgyi

စင္ကာပူအေျခစိုက္ MMA အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ONE Championship ႏွင့္ Amazon prime တို႔ ပူးေပါင္းၿပီး က်င္းပျပဳလုပ္ေနသည့္ ONE on Prime Video ၿပိဳင္ပြဲေတြဂာ ပရိသတ္ေတြၾကားမွာ စိတ္ဝင္စားမႈ ျမင့္တတ္ေနသလို ONE Championship ကဖိုက္တာေတြဟာလည္း အဆိုပါၿပိဳင္ပြဲႀကီးတြင္ ပါဝင္ထိုးသတ္ခြင့္ရဖို႔ စိတ္အားထက္သန္ေနတာ ျဖစ္ပါတယ္။

အဆိုပါ ONE on Prime Video ၿပိဳင္ပြဲႀကီးတြင္ အေမရိကန္အေျခစိုက္ MMA ဖိုက္တာတစ္ဦးျဖစ္တဲ့ ျမန္မာကိုယ္စားျပဳဖိုက္တာႀကီး ေအာင္လအန္ဆန္းဟာလည္း ပါဝင္ထိုးသတ္ဖို႔ ဆႏၵျပင္းျပေနၿပီး ပြဲတည္ေပးဖို႔ ONE Championship ထံ ၎၏ဆိုရွယ္မီဒီယာမွတစ္ဆင့္ ေတာင္းဆိုထားခဲ့တာ ျဖစ္ပါတယ္။

ONE Championship ဟာ Amazon prime မွာ ထုတ္လႊင့္မည့္ ONE on Prime Video 4 ၿပိဳင္ပြဲကို ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕တြင္ က်င္းပဖို႔ လ်ာထားတာေၾကာင့္ ေအာင္လအန္ဆန္းဟာ ထိုၿပိဳင္ပြဲႀကီးတြင္ ဂ်ပန္ဝါရင့္ဖိုက္တာႀကီး ယူရွင္အိုကာမီႏွင့္ ထိုးသတ္ခြင့္ရဖို႔ ဆႏၵျပင္းျပေနတာ ျဖစ္ပါတယ္။

ONE Championship ဘက္ကေတာ့ ေအာင္လအန္ဆန္းရဲ႕ ေနာက္ပြဲစဥ္ႏွင့္ပတ္သတ္ၿပီး တိက်ေသခ်ာသည့္ အေၾကာင္းအရာမ်ိဳး ထုတ္ေျပာလာျခင္းမရွိေသးေသာ္လည္း ေနာက္ကြယ္မွာေတာ့ ေအာင္လႏွင့္ အိုကာမီတို႔ကို ပြဲတည္ေပးဖို႔ စီစဥ္ေနတာ ခရီးအေတာ္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

UFC ကို ေက်ာ္တတ္ၿပီး ကမာၻ႔အေကာင္းဆုံး MMA အဖြဲ႕အစည္းျဖစ္လာဖို႔ ရည္မွန္းေနသည့္ ONE Championship ဟာ Prime Video ႏွင့္အတူ ေျမာက္အေမရိက ခရီးစဥ္မွာ ဘယ္ေလာက္ထိ ခရီးေပါက္ေရာက္မလဲဆိုတာလည္း စိတ္ဝင္စားစရာပါဘဲ။

ပရိသတ္ႀကီးတို႔ေရာ ေအာင္လအန္ဆန္းတစ္ေယာက္ သူထိုးသတ္‌ခ်င္ေနသည့္ ယူရွင္အိုကာမီႏွင့္ ONE on Prime Video 4 ၿပိဳင္ပြဲမွာ ပါဝင္ထိုးသတ္ခြင့္ရသြားလိမ့္မည္ဟု ထင္ပါသလားခင္ဗ်ာ။

Leave a Reply

Your email address will not be published.