မက်ဂွဲယားနေရာမှာ အစားထိုးဖို့အတွက် တောင်ကိုရီးယားလက်ရွေးစင်ကို ခေါ်ယူဖို့ပြင်ဆင်လာတဲ့ ယူနိုက်တက်

Posted by

အဲရစ်တန်ဟတ်အနေနဲ့ အသင်းမှာ ရုန်းကန်နေရတဲ့ မက်ဂွဲယားကို ရှင်းထုတ်ချင်နေတယ်လို့ သတင်းဌာနအချို့က ဖော်ပြထားကြပါတယ်။လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အသက်၂၅နှစ်အရွယ် နာပိုလီနောက်ခံလူကို ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

အသက် 25 နှစ်အရွယ်ရှိ တောင်ကိုးရီးယားလက်ရွေးစင်သည် ကင်မင်ဂျေဟာ ဖီနာဘာချီမှ နာပိုလီအသင်းသို့ ၂၀၂၂ ဂျူလိုင်လမှာ ပေါင် 16 သန်းဖြင့်ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ အီတလီကလပ်အတွက် အထင်ကြီးလောက်စရာခြေစွမ်းပြသထားပြီးနာပိုလီအသင်းနဲ့အတူ 8 ပွဲကစားပြီး 2 ဂိုး သွင်းယူကာ စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ဦးဆောင်နိုင်ခဲ့သလို လီဗာပူးကို 4-1 နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲ အထူးခြေစွမ်းပြကစားခဲ့တာလဲဖြစ်ပါတယ်။

ယူနိုက်တက်သည် တောင်ကိုရီးယားလက်ရွေးစင်ကင်မင်ဂျေကို စိတ်ဝင်စားကြောင်း ပြသနေပြီး ဇန်နဝါရီတွင် ဗဟိုခံစစ်မှူးကို ခေါ်ယူရန် နာပိုလီနှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း CNN Turkey က ဖော်ပြခဲ့သည်။လက်ရှိ တောင်ကိုရီးယားလက်ရွေးစင်ရဲ့ ပြောင်းရွေ့ကြေးဟာ ပေါင်၄၄သန်းထိရှိနေပါတယ်။

ဒါပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ စာချုပ်ပါအချက်တွေကို ရရှိနိုင်မှာမဟုတ်ဘူးလို့ အခိုင်အမာဆိုထားတာကြောင့် ယူနိုက်တက်အနေနဲ့ စောင့်ဆိုင်းရနိုင်သလို နာပိုလီနဲ့လည်း ပြောင်းရွေ့ကြေး ညှိနှိုင်းမှုတွေ ပြုလုပ်ထားနိုင်ပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ ဂျူဗင်တပ်စ်တို့ကလည်း နာပိုလီကို မပြောင်းရွှေ့မီတည်းက ကင်ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Zawgyi

အဲရစ္တန္ဟတ္အေနနဲ႔ အသင္းမွာ ႐ုန္းကန္ေနရတဲ့ မက္ဂြဲယားကို ရွင္းထုတ္ခ်င္ေနတယ္လို႔ သတင္းဌာနအခ်ိဳ႕က ေဖာ္ျပထားၾကပါတယ္။လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအရ ယူနိုက္တက္အသင္းဟာ အသက္၂၅ႏွစ္အရြယ္ နာပိုလီေနာက္ခံလူကို ေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

အသက္ 25 ႏွစ္အရြယ္ရွိ ေတာင္ကိုးရီးယားလက္ေရြးစင္သည္ ကင္မင္ေဂ်ဟာ ဖီနာဘာခ်ီမွ နာပိုလီအသင္းသို႔ ၂၀၂၂ ဂ်ဴလိုင္လမွာ ေပါင္ 16 သန္းျဖင့္ေျပာင္းေရြ႕ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ သူဟာ အီတလီကလပ္အတြက္ အထင္ႀကီးေလာက္စရာေျခစြမ္းျပသထားၿပီးနာပိုလီအသင္းနဲ႔အတူ 8 ပြဲကစားၿပီး 2 ဂိုး သြင္းယူကာ စီးရီးေအ အမွတ္ေပးဇယားရဲ့ ထိပ္ဆုံးကို ဦးေဆာင္နိုင္ခဲ့သလို လီဗာပူးကို 4-1 နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲ အထူးေျခစြမ္းျပကစားခဲ့တာလဲျဖစ္ပါတယ္။

ယူနိုက္တက္သည္ ေတာင္ကိုရီးယားလက္ေရြးစင္ကင္မင္ေဂ်ကို စိတ္ဝင္စားေၾကာင္း ျပသေနၿပီး ဇန္နဝါရီတြင္ ဗဟိုခံစစ္မွူးကို ေခၚယူရန္ နာပိုလီႏွင့္ ေဆြးေႏြးမွုမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း CNN Turkey က ေဖာ္ျပခဲ့သည္။လက္ရွိ ေတာင္ကိုရီးယားလက္ေရြးစင္ရဲ့ ေျပာင္းေရြ႕ေၾကးဟာ ေပါင္၄၄သန္းထိရွိေနပါတယ္။

ဒါေပမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ေဈးကြက္မွာ စာခ်ဳပ္ပါအခ်က္ေတြကို ရရွိနိုင္မွာမဟုတ္ဘူးလို႔ အခိုင္အမာဆိုထားတာေၾကာင့္ ယူနိုက္တက္အေနနဲ႔ ေစာင့္ဆိုင္းရနိုင္သလို နာပိုလီနဲ႔လည္း ေျပာင္းေရြ႕ေၾကး ညႇိႏွိုင္းမွုေတြ ျပဳလုပ္ထားနိုင္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ဂ်ဴဗင္တပ္စ္တို႔ကလည္း နာပိုလီကို မေျပာင္းေရႊ႕မီတည္းက ကင္ကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.