အောင်လနှင့် အမြန်ဆုံးပွဲဖြစ်ချင်တယ်လို့ ဆိုလိုက်တဲ့ အဘာဆော့ဗ်

Posted by

Unicode

ဝယ်သာဝိတ်တန်းရဲ့ ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားခဲ့သည့် ကီမီရန်အဘာဆော့ဗ်သည် ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားခဲ့တာကြာပြီဖြစ်သော်လည်း ယခုချိန်ထိ ONE Championship ဘက်က ခါးပတ်ကာကွယ်ပွဲ စီစဉ်ပေးထားနိုင်ခြင်း မရှိသေးပေ။

ဒါကြောင့်ဘဲ အဘာဆော့ဗ်သည် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မစ်ဒယ်ဝိတ်တန်းသို့ တတ်ရောက်ကာ ရိုင်နီယာ ဒီရိုက်ဒါရဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စိန်ခေါ်ထိုးသတ်ခဲ့သော်လည်း ရိုင်နီယာကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါသည်။

အဘာဆော့ဗ်အတွက် မစ်ဒယ်ဝိတ်တန်းသို့ ပြောင်းလဲထိုးသတ်သည့် အဖွင့်ပွဲစဉ်ဟာ အရှုံးနှင့်စတင်ခဲ့တာကြောင့် အဘာဆော့ဗ်သည် မကျေမနပ်ဖြစ်နေပြီး မစ်ဒယ်ဝိတ်တန်းက ခေါင်ပိုင်းဖိုက်တာတစ်ဦးဖြစ်တဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့စပါးအုံးကြီး အောင်လနှင့် ထိုးသတ်ချင်ကြောင်း စိန်ခေါ်မှုတစ်ရပ် ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမှီက ONE Championship နှင့်ပြုလုပ်သွားခဲ့သည့် အင်တာဗျူးတစ်ခုတွင် အဘာဆော့ဗ်က – ” ကျွန်တော် ဒီမှာ ( မစ်ဒယ်ဝိတ်တန်းမှာ ) လုပ်စရာအလုပ်တွေ ကျန်ပါသေးတယ်။ ကျွန်တော် မစ်ဒယ်ဝိတ်တန်းက တတ်လာခဲ့တာက ပြိုင်ဘက်တိုင်းကို အနိုင်ယူဖို့ပါ။ “” မစ်ဒယ်ဝိတ်တန်းရဲ့ ခေါင်ပိုင်းဖိုက်တာတွေထဲက အောင်လအန်ဆန်းနှင့် ထိုးသတ်ချင်ပါတယ်။ သူကလည်း ယခုချိန်မှာ ပြိုင်ဘက်မရှိသေးတာကြောင့် ကျွန်တော်တို့ နှစ်ဦးကို ပွဲတည်ပေးပါ။ ကျွန်တော်သူနဲ့ အမြန်ဆုံး ပွဲဖြစ်ချင်ပါတယ်။ ” ဆိုပြီး ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။

အဘာဆော့ဗ်သည် လွန်ခဲ့သည့် ၄ နှစ် အောင်လအန်ဆန်း နှစ်ထပ်ကွမ်းချန်ပီယံဖြစ်စဉ်ကတည်းက အောင်လအန်ဆန်းကို စိန်ခေါ်ထားခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးကြောင့်သာ ပွဲဖြစ်မလာခဲ့တာပါ။

ဒါကြောင့် ယခုချိန်မှာ ၎င်းတို့ဖိုက်တာနှစ်ဦးစလုံးဟာ ပြိုင်ဘက်တွေမရှိသေးတာကြောင့် ဒီတစ်ကြိမ်မှာ ၎င်းတို့နှစ်ဦးရဲ့ တွဲဆိုင်းဖြစ်လာမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Zawgyi

ဝယ္သာဝိတ္တန္းရဲ႕ ခ်န္ပီယံခါးပတ္ကို ပိုင္ဆိုင္ထားခဲ့သည့္ ကီမီရန္အဘာေဆာ့ဗ္သည္ ခ်န္ပီယံခါးပတ္ကို ပိုင္ဆိုင္ထားခဲ့တာၾကာၿပီျဖစ္ေသာ္လည္း ယခုခ်ိန္ထိ ONE Championship ဘက္က ခါးပတ္ကာကြယ္ပြဲ စီစဥ္ေပးထားႏိုင္ျခင္း မရွိေသးေပ။


ဒါေၾကာင့္ဘဲ အဘာေဆာ့ဗ္သည္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက မစ္ဒယ္ဝိတ္တန္းသို႔ တတ္ေရာက္ကာ ႐ိုင္နီယာ ဒီ႐ိုက္ဒါရဲ႕ မစ္ဒယ္ဝိတ္တန္းခါးပတ္ကို စိန္ေခၚထိုးသတ္ခဲ့ေသာ္လည္း ႐ိုင္နီယာကို အရွက္တကြဲ ရႈံးနိမ့္ခဲ့ပါသည္။

အဘာေဆာ့ဗ္အတြက္ မစ္ဒယ္ဝိတ္တန္းသို႔ ေျပာင္းလဲထိုးသတ္သည့္ အဖြင့္ပြဲစဥ္ဟာ အရႈံးႏွင့္စတင္ခဲ့တာေၾကာင့္ အဘာေဆာ့ဗ္သည္ မေက်မနပ္ျဖစ္ေနၿပီး မစ္ဒယ္ဝိတ္တန္းက ေခါင္ပိုင္းဖိုက္တာတစ္ဦးျဖစ္တဲ့ ကြၽန္ေတာ္တို႔ရဲ႕ ျမန္မာ့စပါးအုံးႀကီး ေအာင္လႏွင့္ ထိုးသတ္ခ်င္ေၾကာင္း စိန္ေခၚမႈတစ္ရပ္ ျပဳလုပ္သြားခဲ့တာ ျဖစ္ပါတယ္။

မၾကာေသးမွီက ONE Championship ႏွင့္ျပဳလုပ္သြားခဲ့သည့္ အင္တာဗ်ဴးတစ္ခုတြင္ အဘာေဆာ့ဗ္က – ” ကြၽန္ေတာ္ ဒီမွာ ( မစ္ဒယ္ဝိတ္တန္းမွာ ) လုပ္စရာအလုပ္ေတြ က်န္ပါေသးတယ္။ ကြၽန္ေတာ္ မစ္ဒယ္ဝိတ္တန္းက တတ္လာခဲ့တာက ၿပိဳင္ဘက္တိုင္းကို အႏိုင္ယူဖို႔ပါ။ “” မစ္ဒယ္ဝိတ္တန္းရဲ႕ ေခါင္ပိုင္းဖိုက္တာေတြထဲက ေအာင္လအန္ဆန္းႏွင့္ ထိုးသတ္ခ်င္ပါတယ္။ သူကလည္း ယခုခ်ိန္မွာ ၿပိဳင္ဘက္မရွိေသးတာေၾကာင့္ ကြၽန္ေတာ္တို႔ ႏွစ္ဦးကို ပြဲတည္ေပးပါ။ ကြၽန္ေတာ္သူနဲ႔ အျမန္ဆုံး ပြဲျဖစ္ခ်င္ပါတယ္။ ” ဆိုၿပီး ထုတ္ေျပာလာခဲ့တာ ျဖစ္ပါတယ္။

အဘာေဆာ့ဗ္သည္ လြန္ခဲ့သည့္ ၄ ႏွစ္ ေအာင္လအန္ဆန္း ႏွစ္ထပ္ကြမ္းခ်န္ပီယံျဖစ္စဥ္ကတည္းက ေအာင္လအန္ဆန္းကို စိန္ေခၚထားခဲ့ဖူးၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္သာ ပြဲျဖစ္မလာခဲ့တာပါ။

ဒါေၾကာင့္ ယခုခ်ိန္မွာ ၎တို႔ဖိုက္တာႏွစ္ဦးစလုံးဟာ ၿပိဳင္ဘက္ေတြမရွိေသးတာေၾကာင့္ ဒီတစ္ႀကိမ္မွာ ၎တို႔ႏွစ္ဦးရဲ႕ တြဲဆိုင္းျဖစ္လာမလားဆိုတာ စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.