လာမည့် လအနည်းငယ်အတွင်းမှာ ကြိုးဝိုင်းအတွင်းကို ပြန်လည် ဝင်ရောက်တော့မည့် ဗီရာ
Posted by
Unicode
ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင် ကချင်သားကြီး အောင်လအန်ဆန်း၏ ပြိုင်ဘက်ဟောင်းတစ်ဦးဖြစ်သည့် လူသန်ကြီး ဘရန်ဒါ ဗီရာသည် ကြိုးဝိုင်းနှင့်‌ ဝေးကွာနေခဲ့တာ လအတော်ကြာပြီဘဲ ဖြစ်ပါတယ်။
ဗီရာသည် ပြီးခဲ့သည့် ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် အိန္ဒိယနွယ်ဖွား MMA ဖိုက်တာတစ်ဦးဖြစ်သည့် အာဂျန်ဘူလာနှင့် ဟဲဗီးဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်ခဲ့ပါသည်။
ဗီရာသည် ပြီးခဲ့သည့် အာဂျန်ဘူလာနှင့် ပွဲစဉ်တွင် အာဂျန်ဘူလာကို ရှုံးနိမ့်ခဲ့ပြီး သူ၏ ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို လက်လွှတ်ပေးခဲ့ရပြီးနောက် ‘ONE Championship’ ကြိုးဝိုင်းနှင့် ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
ဗီရာသည် ဒဏ်ရာပြဿနာကြောင့် ‘ONE Championship’ ကြိုးဝိုင်းနှင့် 1 နှစ်နီးပါစလောက် ဝေးကွာနေတာကြောင့် ပွဲဆာလောင်နေပြီး ကြိုးဝိုင်းအတွင်းသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဆိုပါ လူသန်ကြီး ဘရန်ဒါဗီရာက အင်တာဗျူးတစ်ခုတွင် ” ကျွန်တော် ကြိုးဝိုင်းနဲ့ ဝေးကွာနေခဲ့တာ ‌လအတော်ကြာနေပါပြီ။ ကျွန်တော် ပွဲတွေ ဆာလောင်နေပြီး အမြန်ဆုံး ပြန်လည်ထိုးသတ်နိုင်ဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပါတယ်။ ကျွန်တော့်အနေဖြင့် ယခုနှစ် အလယ်ပိုင်းလောက်မှာ ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ဖို့ မျှော်လင့်နေပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ဒါကြောင့် ဗီရာရဲ့ ပရိသတ်တွေအ‌နေဖြင့် ဗီရာ၏ ပွဲစဉ်များကို မကြာမှီ ပြန်လည် ကြည့်ရှုခွင့် ရရှိတော့မှာဘဲ ဖြစ်ပါတယ်။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *