ဆောင်းရာသီစျေးကွက်မှာ နောက်တန်းခံစစ်မှူးကို မဖြစ်မနေရောင်းချသွားတော့မယ့် အဲရစ်တန်ဟတ်

Posted by

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ခံစစ်မှူး တဦး ဖြစ်သူ ရီယို ဖာဒီနန်ကတော့ ယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ရောင်းချဖွယ် ရှိနေကြောင်း သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် မက်ဂွိုင်းယားက ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့အတူ ရှုံးပွဲ ကြုံတွေ့ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းသွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှာပါ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်လာခဲ့ရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း မက်ဂွိုင်းယားက ရာသီအစ ၂ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင် ကစားခွင့် ရခဲ့ပေမယ့် သူ ပါဝင် ကစားခဲ့တဲ့ ၂ပွဲစလုံးမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှ စတင်ကာ မက်ဂွိုင်းယားကို ပွဲထွက် လူစာရင်း ကနေ ဖယ်ရှားပြီး ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ ခံစစ်အတွဲကိုသာ အဓိကထား အသုံးပြုနေကာ ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ အတွဲကလည်း အခုချိန်မှာ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဟယ်ရီ မက်ဂွိုင်းယားရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ မကြာခင်မှာ အဆုံးသတ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိလာပြီး ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူလည်းဖြစ် ၊ ယခုချိန်အထိ အသင်းနဲ့ ဆက်သွယ်မှုတွေပါ ရှိနေသေးတဲ့ ဖာဒီနန်ကတော့ တန်ဟက်ဂ်ဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရလာရင် မက်ဂွိုင်းယားကို ရောင်းချလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

ဖာဒီနန်က – “တကယ်လို့ မက်ဂွိုင်းယား အတွက် ကမ်းလှမ်းမှုတွေသာ ရလာမယ် ဆိုရင် တန်ဟက်ဂ်က သူ့ကို ရောင်းချလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးတော့ မက်ဂွိုင်းယားကလည်း သူ့အတွက် သင့်တော်တဲ့ အသင်းသာ ရှိမယ် ဆိုရင် အသင်းပြောင်းလိမ့်မယ်လို့ မြင်ပါတယ်။ တကယ်လို့ ပွဲထွက်ခွင့်သာ မရဘူး ဆိုရင် မက်ဂွိုင်းယားက ယူနိုက်တက်မှာ ဆက်နေမယ်လို့ မထင်ပါဘူး။

တချို့ ကစားသမားတွေက ပွဲထွက်ခွင့် မရလည်းပဲ အသင်းမှာ ဆက်နေတတ်ကြပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားက အဲ့ဒီလို ကစားသမားမျိုးလို့ မထင်ပါဘူး။ မက်ဂွိုင်းယားက ဘောလုံးအားကစားကို ချစ်သလို အမြဲတမ်း ပွဲထွက်ခွင့်တွေ လိုချင်နေတဲ့ လူစားမျိုးပါ” လို့ ပြောကြားသွားခဲ့တာပါ။

Zawgyi

ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္နဲ႔ အဂၤလန္အသင္းတို႔ရဲ့ ဂႏၲဝင္ ခံစစ္မွူး တဦး ျဖစ္သူ ရီယို ဖာဒီနန္ကေတာ့ ယူနိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ဟာ သူတို႔အသင္းရဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို ေရာင္းခ်ဖြယ္ ရွိေနေၾကာင္း သုံးသပ္စကား ေျပာၾကားသြားခဲ့ပါတယ္။

ဒါေပမယ့္ မက္ဂြိဳင္းယားက ယူရို ၂၀၂၀ၿပိဳင္ပြဲရဲ့ ဗိုလ္လုပြဲမွာ အဂၤလန္နဲ႔အတူ ရွုံးပြဲ ၾကဳံေတြ႕ခဲ့ၿပီးေနာက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု ေလ်ာ့နည္းသြားခဲ့ၿပီး အဆိုပါ ျဖစ္ရပ္ရဲ့ ေနာက္ဆက္တြဲအေနနဲ႔ ကလပ္အသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္မွာပါ ေျခစြမ္းေကာင္းေတြ ျပသနိုင္ဖို႔ ႐ုန္းကန္လာခဲ့ရပါတယ္။

ယခုႏွစ္ ေဘာလုံးရာသီမွာလည္း မက္ဂြိဳင္းယားက ရာသီအစ ၂ပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္ရဲ့ ပြဲထြက္လူစာရင္းထဲ ပါဝင္ ကစားခြင့္ ရခဲ့ေပမယ့္ သူ ပါဝင္ ကစားခဲ့တဲ့ ၂ပြဲစလုံးမွာ မန္ခ်က္စတာ ယူနိုက္တက္ဟာ ရွုံးပြဲေတြနဲ႔ ၾကဳံေတြ႕ခဲ့ရတာေၾကာင့္ ယူနိုက္တက္ရဲ့ နည္းၿပ အဲရစ္ တန္ဟက္ဂ္က ပရီးမီးယားလိဂ္ ပြဲစဥ္(၃)မွ စတင္ကာ မက္ဂြိဳင္းယားကို ပြဲထြက္ လူစာရင္း ကေန ဖယ္ရွားၿပီး ဗာရန္းနဲ႔ မာတီနက္ဇ္တို႔ရဲ့ ခံစစ္အတြဲကိုသာ အဓိကထား အသုံးျပဳေနကာ ဗာရန္းနဲ႔ မာတီနက္ဇ္တို႔ရဲ့ အတြဲကလည္း အခုခ်ိန္မွာ အေတာ္ေလးကို ေျခစြမ္းေကာင္းေတြ ျပသထားနိုင္ပါတယ္။

ဒါေၾကာင့္ပဲ ဟယ္ရီ မက္ဂြိဳင္းယားရဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကစားသမား ဘဝဟာ မၾကာခင္မွာ အဆုံးသတ္နိုင္ေၾကာင္း သုံးသပ္မွုေတြ ရွိလာၿပီး ယူနိုက္တက္ရဲ့ ဂႏၲဝင္ ေနာက္ခံလူလည္းျဖစ္ ၊ ယခုခ်ိန္အထိ အသင္းနဲ႔ ဆက္သြယ္မွုေတြပါ ရွိေနေသးတဲ့ ဖာဒီနန္ကေတာ့ တန္ဟက္ဂ္ဟာ သင့္ေတာ္တဲ့ ကမ္းလွမ္းမွုသာ ရလာရင္ မက္ဂြိဳင္းယားကို ေရာင္းခ်လိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

ဖာဒီနန္က – “တကယ္လို႔ မက္ဂြိဳင္းယား အတြက္ ကမ္းလွမ္းမွုေတြသာ ရလာမယ္ ဆိုရင္ တန္ဟက္ဂ္က သူ႔ကို ေရာင္းခ်လိမ့္မယ္လို႔ ထင္ပါတယ္။ ၿပီးေတာ့ မက္ဂြိဳင္းယားကလည္း သူ႔အတြက္ သင့္ေတာ္တဲ့ အသင္းသာ ရွိမယ္ ဆိုရင္ အသင္းေျပာင္းလိမ့္မယ္လို႔ ျမင္ပါတယ္။ တကယ္လို႔ ပြဲထြက္ခြင့္သာ မရဘူး ဆိုရင္ မက္ဂြိဳင္းယားက ယူနိုက္တက္မွာ ဆက္ေနမယ္လို႔ မထင္ပါဘူး။

တခ်ိဳ႕ ကစားသမားေတြက ပြဲထြက္ခြင့္ မရလည္းပဲ အသင္းမွာ ဆက္ေနတတ္ၾကပါတယ္။ ဒါေပမယ့္ မက္ဂြိဳင္းယားက အဲ့ဒီလို ကစားသမားမ်ိဳးလို႔ မထင္ပါဘူး။ မက္ဂြိဳင္းယားက ေဘာလုံးအားကစားကို ခ်စ္သလို အျမဲတမ္း ပြဲထြက္ခြင့္ေတြ လိုခ်င္ေနတဲ့ လူစားမ်ိဳးပါ” လို႔ ေျပာၾကားသြားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *