MMA ဖိုက်တာမဖြစ်ခင်က သူ၏ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဖွင့်လိုက်တဲ့ အောင်လအန်ဆန်း

Posted by

Unicode

ကျွန်တော်တို့ မြန်မာ့စပါးအုံးကြီး အောင်လအန်ဆန်းသည် ပရော်ဖက်ရှင်နယ်ဘဝသို့ 2005 ခုနှစ်မှစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပရော်ဖက်ရှင်နယ်မဖြစ်ခင်က သူ၏ ခက်ခဲကြမ်းတမ်းသည့် ဘဝကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။

အောင်လအန်ဆန်းသည် MMA ပရော်ဖက်ရှင်နယ်ဘဝသို့ မဝင်ရောက်စဉ်က ပျားလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပြီး အပျော်‌တန်းပွဲတွေ ထိုးသတ်ကာ MMA ဘဝကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းသည် ‘ONE Championship’ က ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် သူ၏ ကစားသမားဘဝနှင့် ပတ်သတ်၍ ခက်ခဲကြမ်းတမ်းမှုတွေကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။

“ကျွန်တော် ကျောင်းတတ်နေရင်းနဲ့ဘဲ ပျားလုပ်သားလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ တစ်ပတ်လုံးကို ပိတ်ရက်မရှိဘဲ အလုပ်လုပ်ကိုင်ရင်း ဖြတ်သန်းခဲ့ရပါတယ်။ တစ်ခါတစ်လေ ပျားတုပ်ခံရတာများပြီး မထနိုင်တဲ့ရက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အဲ့အလုပ် လုပ်ခဲ့ရတာကို ပျော်ပါတယ်။” ဟု အောင်လက ထုတ်ဖော် ပြောကြားခဲ့ပါသည်။

အောင်လသည် 2005 ခုနှစ်မှစ၍ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝကို စတင်ဝင်‌ရောက်ခဲ့ကာ အောင်မြင်မှုတွေ များစွာရယူထားနိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။

အောင်လအန်ဆန်းသည် ‘ONE Championship’ ရဲ့ ဝိတ်တန်းနှစ်ခုတွင် ချန်ပီယံဖြစ်လာသည့် ပထမဆုံးအာရှနိုင်ငံသား ချန်ပီယံဖိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။

Zawgyi






Leave a Reply

Your email address will not be published.