ပွဲရှာလိုက်ပြန်တဲ့ ရိုင်နီယာ ဒီရိုက်ဒါ

Posted by

Unicode

ပရိသတ်ကြီးတို့အားလုံးသိရှိပြီးသည့်အတိုင်း ONE Championship ဟာ ၎င်းတို့ရဲ့နှစ်ထပ်ကွမ်းချန်ပီယံတစ်ဦးဖြစ်တဲ့ ရိုင်နီယာ ဒီရိုက်ဒါကို ဖိုက်တာသစ်တစ်ဦးဖြစ်တဲ့ Shamil Abdulaev နဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကာကွယ်ပွဲ တည်ပေးထားတာ ဖြစ်ပါတယ်။

Shamil Abdulaev ဟာ ONE သို့ ရောက်ရှိလာသေးတာ မကြာသေးသော်လည်း ခါးပတ်လုခွင့်တိုက်ရိုက်ရရှိခဲ့သူ ဖြစ်ပါတယ်။ ယခုပွဲဟာ သူ့အတွက် ONE Championship လက်အောက်မှာ ပထမဆုံးအကြိမ် ထိုးသတ်ရမည့်ပွဲ ဖြစ်ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ်ဘဝမှာ 13 ပွဲထိ အနိုင်ရရှိထားသူဖြစ်ပြီး 1 ပွဲသာ ရှုံးနိမ့်ထားသည့် မှတ်တမ်းကောင်းတစ်ရပ် ပြိုင်ဆိုင်ထားသူ ဖြစ်သည်။

ရိုင်နီယာအတွက်တော့ ယခုနှစ်အတွင်းမှာ တတိယအကြိမ်မြောက်ထိုးသတ်ရမည့် ချန်ပီယံကာကွယ်ပွဲလည်း ဖြစ်ပါတယ်။ ရှေ့နှစ်ကြိမ်စလုံးကို ရိုင်နီယာဟာ အလွယ်တကူဘဲ အနိုင်ယူနိုင်ခဲ့တာကြောင့် ယခုတစ်ကြိမ်မှာရော ရိုင်နီယာတစ်ယောက် သူ့ရဲ့ပုံစံကောင်းတွေကို ဆက်လက်ထိန်းထားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါဘဲ။

ရိုင်နီယာဟာ ကြိုးဝိုင်းအတွင်းမှာဘဲ စွမ်းဆောင်ရည်ကောင်းတာမဟုတ်ဘဲ ၊ ကွင်းပြင်ပမှာလည်း ၎င်းဟာ သူ့ရဲ့စကားပြောဆိုမှုတွေကတစ်ဆင့် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်သူ ဖြစ်ပါတယ်။ ယခုလည်း သူဟာ သူ့ရဲ့ပုံစံအတိုင်း စကားလုံးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ပြန်ပြီ ဖြစ်ပါတယ်။” ဒီနှစ်ကတော့ ကျွန်တော့်အတွက် ထူးခြားတဲ့နှစ်တစ်နှစ်ပါ။

ကျွန်တော်မျှော်လင့်ထားသလို ပွဲတွေမကြာခဏ ထိုးသတ်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ သို့ပေမယ့် ONE Championshipက ကျွန်တော့်ကို နောက်ထပ်ဝိတ်တန်းတစ်ခုရဲ့ ချန်ပီယံခါးပတ်ကိုတော့ စိန်ခေါ်ခွင့်မပေးသေးပါဘူး။ “

” ကျွန်တော်က နှစ်ထပ်ကွမ်းချန်ပီယံကနေ သုံးထပ်ကွမ်း၊ လေးထပ်ကွမ်း ချန်ပီယံထိ ဖြစ်ချင်ပါတယ်။ ဟဲဗီးဝိတ်တန်းရဲ့ခါးပတ်ကိုလည်း စိန်ခေါ်ထိုးသတ်ချင်သလို တစ်ဆင့်နိမ့်ပြီး ဝယ်သာဝိတ်တန်းရဲ့ချန်ပီယံခါးပတ်ကိုလည်း စိန်ခေါ်ခွင့်ရချင်ပါတယ်။ ဒီပွဲပြီးရင်တော့ ONE ဘက်က ကျွန်တော့်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ” ဟု အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ရော မကြာခင်မှာ ထိုးသတ်မယ့် မစ်ဒယ်ဝိတ်တန်းခါးပတ်လုပွဲမှာ ရိုင်နီယာတစ်ယောက် သူ့ရဲ့မစ်ဒယ်ဝိတ်ချန်ပီယံဆုကို ထပ်မံကာကွယ်သွားနိုင်လိမ့်မည်ဟု ထင်ပါသလားခင်ဗျာ။

Zawgyi

ပရိသတ္ႀကီးတို႔အားလုံးသိရွိၿပီးသည့္အတိုင္း ONE Championship ဟာ ၎တို႔ရဲ႕ႏွစ္ထပ္ကြမ္းခ်န္ပီယံတစ္ဦးျဖစ္တဲ့ ႐ိုင္နီယာ ဒီ႐ိုက္ဒါကို ဖိုက္တာသစ္တစ္ဦးျဖစ္တဲ့ Shamil Abdulaev နဲ႔ မစ္ဒယ္ဝိတ္တန္းခါးပတ္ကာကြယ္ပြဲ တည္ေပးထားတာ ျဖစ္ပါတယ္။

Shamil Abdulaev ဟာ ONE သို႔ ေရာက္ရွိလာေသးတာ မၾကာေသးေသာ္လည္း ခါးပတ္လုခြင့္တိုက္႐ိုက္ရရွိခဲ့သူ ျဖစ္ပါတယ္။ ယခုပြဲဟာ သူ႔အတြက္ ONE Championship လက္ေအာက္မွာ ပထမဆုံးအႀကိမ္ ထိုးသတ္ရမည့္ပြဲ ျဖစ္ပါတယ္။ သူဟာ ပေရာ္ဖက္ရွင္နယ္ဘဝမွာ 13 ပြဲထိ အႏိုင္ရရွိထားသူျဖစ္ၿပီး 1 ပြဲသာ ရႈံးနိမ့္ထားသည့္ မွတ္တမ္းေကာင္းတစ္ရပ္ ၿပိဳင္ဆိုင္ထားသူ ျဖစ္သည္။

႐ိုင္နီယာအတြက္ေတာ့ ယခုႏွစ္အတြင္းမွာ တတိယအႀကိမ္ေျမာက္ထိုးသတ္ရမည့္ ခ်န္ပီယံကာကြယ္ပြဲလည္း ျဖစ္ပါတယ္။ ေရွ႕ႏွစ္ႀကိမ္စလုံးကို ႐ိုင္နီယာဟာ အလြယ္တကူဘဲ အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ ယခုတစ္ႀကိမ္မွာေရာ ႐ိုင္နီယာတစ္ေယာက္ သူ႔ရဲ႕ပုံစံေကာင္းေတြကို ဆက္လက္ထိန္းထားႏိုင္မလားဆိုတာ စိတ္ဝင္စားစရာပါဘဲ။

႐ိုင္နီယာဟာ ႀကိဳးဝိုင္းအတြင္းမွာဘဲ စြမ္းေဆာင္ရည္ေကာင္းတာမဟုတ္ဘဲ ၊ ကြင္းျပင္ပမွာလည္း ၎ဟာ သူ႔ရဲ႕စကားေျပာဆိုမႈေတြကတစ္ဆင့္ ပရိသတ္ေတြရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္သူ ျဖစ္ပါတယ္။ ယခုလည္း သူဟာ သူ႔ရဲ႕ပုံစံအတိုင္း စကားလုံးေတြနဲ႔ ပရိသတ္ေတြကို ဆြဲေဆာင္ျပန္ၿပီ ျဖစ္ပါတယ္။” ဒီႏွစ္ကေတာ့ ကြၽန္ေတာ့္အတြက္ ထူးျခားတဲ့ႏွစ္တစ္ႏွစ္ပါ။

ကြၽန္ေတာ္ေမွ်ာ္လင့္ထားသလို ပြဲေတြမၾကာခဏ ထိုးသတ္ရတဲ့အတြက္ ေပ်ာ္႐ႊင္မိပါတယ္။ သို႔ေပမယ့္ ONE Championshipက ကြၽန္ေတာ့္ကို ေနာက္ထပ္ဝိတ္တန္းတစ္ခုရဲ႕ ခ်န္ပီယံခါးပတ္ကိုေတာ့ စိန္ေခၚခြင့္မေပးေသးပါဘူး။ “

” ကြၽန္ေတာ္က ႏွစ္ထပ္ကြမ္းခ်န္ပီယံကေန သုံးထပ္ကြမ္း၊ ေလးထပ္ကြမ္း ခ်န္ပီယံထိ ျဖစ္ခ်င္ပါတယ္။ ဟဲဗီးဝိတ္တန္းရဲ႕ခါးပတ္ကိုလည္း စိန္ေခၚထိုးသတ္ခ်င္သလို တစ္ဆင့္နိမ့္ၿပီး ဝယ္သာဝိတ္တန္းရဲ႕ခ်န္ပီယံခါးပတ္ကိုလည္း စိန္ေခၚခြင့္ရခ်င္ပါတယ္။ ဒီပြဲၿပီးရင္ေတာ့ ONE ဘက္က ကြၽန္ေတာ့္ရဲ႕ ဆႏၵေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ” ဟု အင္တာဗ်ဴးတြင္ ထုတ္ေဖာ္ေျပာၾကားလာခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ႀကီးတို႔ေရာ မၾကာခင္မွာ ထိုးသတ္မယ့္ မစ္ဒယ္ဝိတ္တန္းခါးပတ္လုပြဲမွာ ႐ိုင္နီယာတစ္ေယာက္ သူ႔ရဲ႕မစ္ဒယ္ဝိတ္ခ်န္ပီယံဆုကို ထပ္မံကာကြယ္သြားႏိုင္လိမ့္မည္ဟု ထင္ပါသလားခင္ဗ်ာ။

Leave a Reply

Your email address will not be published.