ဒိန်းမတ်အသင်းအတွက် ခြေစွမ်းပြကာ ခရိုအေးရှားအသင်းဘက်ကို အံဩဖွယ်ဂိုးသွင်းခဲ့တဲ့ အဲရစ်ဆင်(ရုပ်သံ)
Posted by
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ်စတီယာနို အဲရစ်ဆင်ဟာ ကြာသပတေးနေ့ညက ခရိုအေးရှားအသင်းနဲ့ ဒိန်းမတ်အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။ဒိန်းမတ်အတွက် အဲရစ်ဆင်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက အမွှမ်းတင်ချီးကျူးပြောဆိုနေကြပါတယ်။
ဒီနှစ်ရာသီရဲ့ ပထမဆုံးနိုင်ငံဘောလုံးပြိုင်ပွဲများကြောင့် ပရီးမီးယာစလိဂ် စတဲ့လိဂ်အသင်းများအတွက် ပထမဆုံး အားလပ်ရက်ချိန်ခါလို့ ဆိုရမှာပါ။ ဒီနိုင်ငံတကာ ဘောလုံးပွဲတွေကတော့ ကာတာမဗာ ကျင်းပမည့်  နိုဝင်ဘာလ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ  နောက်ဆုံးအဆင့် ပွဲစဉ်များကို ကစားကြ‌ေနတာ ဖြစ်ပါတယ်။
တချို့အသင်းတွေ ခြေစမ်းပွဲများ ကစားနေချိန်တွင် ဥရောပနိုင်ငံအသင်းများက Nations League ပုံစံဖြင့် ယှဉ်ပြိုင်ကစားနေကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်ကြယ်ပွင့် ဟယ်ရီမက်ဂွိုင်းယားနှင့် လုခ်ရှောတို့က အင်္ဂလန်အသင်း ကိုယ်စားပြုတဲ့ ကစားသမားများအဖြစ် သောကြာနေ့ ယနေ့မှာ အီတလီနဲ့ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
အဲရစ်ဆင်သာ ကြာသပတေးနေ့က ဒိန်းမတ်အသင်းအတွက် ခရိုအေးရှားနှင့် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
အလွန်လှပတဲ့ သွင်းဂိုးကို အဲ့ရစ်ဆန်က သွင်းပြခဲ့တာကြောင့် ဒိန်းမတ်တို့ရဲ့ အရှုံးက ‌သတင်းစာခေါင်းကြီးပိုင်းအဖြစ်မရောက်ခဲ့ကြောင်း မန်ချက်စတာယူနိုက်တတ်ညနေခင်းသတင်းစာက ရှင်းပြပါတယ်။ကိုက်၃၀ အကွာမှ ရလာတဲ့ ဘောလုံးကို လှည့့်ကာ အရှေ့ကိုအနည်းဆွဲကာ ဒိန်းမတ်အသင်းအတွက် ကန်သွင်းယူခဲ့တာပါ။ခ:ရက်:ဒစ်
Zawgyi
Leave a Reply
Your email address will not be published.