ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးတဲ့နောက် ပြောင်းရွေ့ တန်ကြေး သိသိသာသာမြင့်တတ်လာခဲ့တဲ့ မာတီနက်ဇ်

Posted by

အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကတော့ နွေဈေးကွက်အတွင်း အိုင်းယတ်စ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် သူရဲ့ လက်ရှိတန်ကြေးဟာလည်း မြင့်တတ်လာခဲ့ရတယ်လို့ သိရပါတယ်။

အသက်(၂၄)နှစ်အရွယ် ဗဟိုခံစစ်မှူး မာတီနက်ဇ်ဟာ ၂၀၁၉ခုနှစ်ကတည်းက အာဂျင်တီးနားကနေ နယ်သာလန် ထိပ်သီးကလပ် အိုင်းယတ်စ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အိုင်းယတ်စ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းရဲ့ တစ်ရာသီလုံး အကောင်းဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်ထားခံခဲ့ရပါတယ်။ ဒီနွေမှာ အိုင်းယတ်စ်ကနေ ယူနိုက်တက်အသင်းဆီ ယူရို(၅၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မာတီနက်ဇ်ဟာ အသင်းသစ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး သူရဲ့ တန်ကြေးတွေပါ မြှင့်တတ်လာခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ စတင် ကျင်လည်ခဲ့ရတဲ့ မာတီနက်ဇ် သူရဲ့ အရပ်အမောင်းက သာမန်ခံစစ်မှူးတစ်ဦး ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းမျိုးထက် အနည်းငယ် ပုနေတဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် physical ပိုင်း အလေးပေးတတ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခက်ခက်ခဲခဲ ရုန်းကန်ရနိုင်တယ်လို့ မှတ်ချက်ပြုခံထားရပေမယ့် မာတီနက်ဇ်ကတော့ အလုပ်နဲ့ သက်သေပြလာနိုင်ခဲ့တာကြောင့် အခုဆိုရင် ယူနိုက်တက်ခံစစ်မှာ မရှိမဖြစ် ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

ဒီလို အသင်းရဲ့ main player တစ်ဦး ဖြစ်လာခဲ့တဲ့ မာတီနက်ဇ်ဟာ ဒီလို တိုးတတ်လာနဲ့အမျှ သူရဲ့တန်ကြေးကပါ မြှင့်မားလာခဲ့ပါတယ်။ နဂိုက တန်ကြေး ယူရို(၃၄)သန်းသာ ရှိခဲ့တဲ့ မာတီနက်ဇ်ဟာ အခုဆိုရင် ယူရို(၆၁)သန်းအထိကို ခုန်တတ်သွားခဲ့ပါတယ်။ လက်ရှိမှာလည်း မာတီနက်ဇ်က အသင်းရဲ့ ပွဲထွက်ကစားသမားတစ်ဦး ဖြစ်နေသလို သူ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တဲ့ (၆)ပွဲလုံးမှာ ဘရိုက်တန်နဲ့ တစ်ပွဲတည်းသာ ရှုံးနိမ့်ခဲ့ရပြီး ကျန်တဲ့ (၅)ပွဲလုံး အနိုင်ရထားသလို (၃)ပွဲမှာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ မာတီနက်ဇ်ဟာ လတ်တလောမှာ နိုင်ငံတကာရက်သတ္တပတ်အတွင်း သူရဲ့အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းလျက် ရှိနေပါတယ်။

Zawgyi

အာဂ်င္တီးနား ေနာက္ခံကစားသမား လီဆန္ဒရိုမာတီနက္ဇ္ကေတာ့ ေႏြေဈးကြက္အတြင္း အိုင္းယတ္စ္ကေန မန္ခ်က္စတာယူနိုက္တက္အသင္းဆီ ေျပာင္းေရႊ႕ခဲ့ၿပီးတဲ့ေနာက္ သူရဲ့ လက္ရွိတန္ေၾကးဟာလည္း ျမင့္တတ္လာခဲ့ရတယ္လို႔ သိရပါတယ္။

အသက္(၂၄)ႏွစ္အရြယ္ ဗဟိုခံစစ္မွူး မာတီနက္ဇ္ဟာ ၂၀၁၉ခုႏွစ္ကတည္းက အာဂ်င္တီးနားကေန နယ္သာလန္ ထိပ္သီးကလပ္ အိုင္းယတ္စ္အသင္းဆီ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အိုင္းယတ္စ္ရဲ့ အဓိက ကစားသမားတစ္ဦး ျဖစ္လာခဲ့ရသလို ၿပီးခဲ့တဲ့ရာသီမွာလည္း အသင္းရဲ့ တစ္ရာသီလုံး အေကာင္းဆုံး ကစားသမားအျဖစ္ပါ သတ္မွတ္ထားခံခဲ့ရပါတယ္။ ဒီေႏြမွာ အိုင္းယတ္စ္ကေန ယူနိုက္တက္အသင္းဆီ ယူရို(၅၃)သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ မာတီနက္ဇ္ဟာ အသင္းသစ္မွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြ ျပသနိုင္ခဲ့ၿပီး သူရဲ့ တန္ေၾကးေတြပါ ျမႇင့္တတ္လာခဲ့ရပါတယ္။

ပရီးမီးယားလိဂ္မွာ စတင္ က်င္လည္ခဲ့ရတဲ့ မာတီနက္ဇ္ သူရဲ့ အရပ္အေမာင္းက သာမန္ခံစစ္မွူးတစ္ဦး ရွိသင့္ရွိထိုက္တဲ့ အရပ္အေမာင္းမ်ိဳးထက္ အနည္းငယ္ ပုေနတဲ့ ပုံစံမ်ိဳး ျဖစ္ေနတာေၾကာင့္ physical ပိုင္း အေလးေပးတတ္တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ခက္ခက္ခဲခဲ ႐ုန္းကန္ရနိုင္တယ္လို႔ မွတ္ခ်က္ျပဳခံထားရေပမယ့္ မာတီနက္ဇ္ကေတာ့ အလုပ္နဲ႔ သက္ေသျပလာနိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ ယူနိုက္တက္ခံစစ္မွာ မရွိမျဖစ္ ကစားသမားတစ္ဦးပါ ျဖစ္လာခဲ့ရပါတယ္။

ဒီလို အသင္းရဲ့ main player တစ္ဦး ျဖစ္လာခဲ့တဲ့ မာတီနက္ဇ္ဟာ ဒီလို တိုးတတ္လာနဲ႔အမၽွ သူရဲ့တန္ေၾကးကပါ ျမႇင့္မားလာခဲ့ပါတယ္။ နဂိုက တန္ေၾကး ယူရို(၃၄)သန္းသာ ရွိခဲ့တဲ့ မာတီနက္ဇ္ဟာ အခုဆိုရင္ ယူရို(၆၁)သန္းအထိကို ခုန္တတ္သြားခဲ့ပါတယ္။ လက္ရွိမွာလည္း မာတီနက္ဇ္က အသင္းရဲ့ ပြဲထြက္ကစားသမားတစ္ဦး ျဖစ္ေနသလို သူ ပြဲခ်ိန္ျပည့္ ပါဝင္ကစားခဲ့တဲ့ (၆)ပြဲလုံးမွာ ဘရိုက္တန္နဲ႔ တစ္ပြဲတည္းသာ ရွုံးနိမ့္ခဲ့ရၿပီး က်န္တဲ့ (၅)ပြဲလုံး အနိုင္ရထားသလို (၃)ပြဲမွာ ေပးဂိုးမရွိေအာင္ ကစားနိုင္ခဲ့ပါတယ္။ မာတီနက္ဇ္ဟာ လတ္တေလာမွာ နိုင္ငံတကာရက္သတၱပတ္အတြင္း သူရဲ့အာဂ်င္တီးနားအသင္းနဲ႔ ပူးေပါင္းလ်က္ ရွိေနပါတယ္။

Leave a Reply

Your email address will not be published.