” မစ်ဒယ်ဝိတ်တန်းခါးပတ်ကို အောင်လက ပြန်လည် ရရှိမှာ” လို့ ဆိုလိုက်သည့် မာတင်ငုယင်

Posted by

Unicode

ကျွန်တော်တို့ မြန်မာ့စပါးအုံး ကချင်သားကြီး အောင်လအန်ဆန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ 25 ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ‘ONE Full Circle’ ပြိုင်ပွဲကြီးတွင် ရုရှားသားကြီး ဗစ်တလီ ဘစ်ဒက်ရှ်နဲ့ ရင်ဆိုင်ထိုးသတ်ခဲ့ပါသည်။

အောင်လသည် အဆိုပါ ပွဲစဉ်တွင် ဘစ်ဒက်ရှ်ကို အနိုင်ရရှိခဲ့ပါက မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ပြန်လည် စိန်ခေါ်ခွင့် ရရှိမည်ဖြစ်သော်လည်း ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

ဒါကြောင့် အောင်လသည် မစ်ဒယ်ဝိတ်တန်း ခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့တာကြောင့် အဆိုပါ အခွင့်အရေးကို ပြန်လည်ရရှိဖို့အတွက် အစွမ်းကုန် ပြန်လည်ကြိုးစားရမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်း၏ လေ့ကျင့်ဖော်တစ်ဦးလည်းဖြစ်ပြီး သူငယ်ချင်းကောင်းတစ်ဦးလည်း ဖြစ်သည့် မယတင်ငုယင်က အင်တာဗျူးတစ်ခုတွင် ‘အောင်လက ‘ONE’ လောကမှာ မကြာမှီပြန်လည် အောင်မြင်လာမှာပါ။”

” သူဟာ အခုချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အဲ့ဒီ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာပါ။ သူက သူ့အိမ်မက်ဖြစ်သည့် မစ်ဒယ်ဝိတ်တန်းရဲ့ ခါးပတ်ကို ပြန်လည် ရယူနိုင်မှာပါ။” ဟု ပြောကြားခဲ့ပါသည်။

ပရိသတ်ကြီးတို့ရော အောင်လတစ်ယောက် ‘ONE Championship’ ရဲ့ မစ်ဒယ်ဝိတ်တန်း ခါးပတ်ကို ပြန်လည် ရယူနိုင်လိမ့်မည်ဟု ယုံကြည်ပါသလားခင်ဗျာ။

Zawgyi

ကြၽန္ေတာ္တို႔ ျမန္မာ့စပါးအုံး ကခ်င္သားႀကီး ေအာင္လအန္ဆန္းသည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ 25 ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ ‘ONE Full Circle’ ၿပိဳင္ပြဲႀကီးတြင္ ႐ုရွားသားႀကီး ဗစ္တလီ ဘစ္ဒက္ရွ္နဲ႔ ရင္ဆိုင္ထိုးသတ္ခဲ့ပါသည္။

ေအာင္လသည္ အဆိုပါ ပြဲစဥ္တြင္ ဘစ္ဒက္ရွ္ကို အႏိုင္ရရွိခဲ့ပါက မစ္ဒယ္ဝိတ္တန္းခါးပတ္ကို ျပန္လည္ စိန္ေခၚခြင့္ ရရွိမည္ျဖစ္ေသာ္လည္း ဘစ္ဒက္ရွ္ကို ဒိုင္အဆုံးအျဖတ္ျဖင့္ ရႈံးနိမ့္ခဲ့ပါသည္။

ဒါေၾကာင့္ ေအာင္လသည္ မစ္ဒယ္ဝိတ္တန္း ခါးပတ္ကို ျပန္လည္စိန္ေခၚႏိုင္မည့္ အခြင့္အေရးကို ဆုံးရႈံးခဲ့တာေၾကာင့္ အဆိုပါ အခြင့္အေရးကို ျပန္လည္ရရွိဖို႔အတြက္ အစြမ္းကုန္ ျပန္လည္ႀကိဳးစားရမွာ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္း၏ ေလ့က်င့္ေဖာ္တစ္ဦးလည္းျဖစ္ၿပီး သူငယ္ခ်င္းေကာင္းတစ္ဦးလည္း ျဖစ္သည့္ မယတင္ငုယင္က အင္တာဗ်ဴးတစ္ခုတြင္ ‘ေအာင္လက ‘ONE’ ေလာကမွာ မၾကာမွီျပန္လည္ ေအာင္ျမင္လာမွာပါ။”

” သူဟာ အခုခ်ိန္မွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ အဲ့ဒီ အခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္မွာပါ။ သူက သူ႔အိမ္မက္ျဖစ္သည့္ မစ္ဒယ္ဝိတ္တန္းရဲ႕ ခါးပတ္ကို ျပန္လည္ ရယူႏိုင္မွာပါ။” ဟု ေျပာၾကားခဲ့ပါသည္။

ပရိသတ္ႀကီးတို႔ေရာ ေအာင္လတစ္ေယာက္ ‘ONE Championship’ ရဲ႕ မစ္ဒယ္ဝိတ္တန္း ခါးပတ္ကို ျပန္လည္ ရယူႏိုင္လိမ့္မည္ဟု ယုံၾကည္ပါသလားခင္ဗ်ာ။

Leave a Reply

Your email address will not be published.