ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုအပေါ် အဖြေပေးလိုက်တဲ့ ဘာစီလိုနာတိုက်စစ်မှူး ဒီပိုင်း
Posted by
ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ချက်စတာ ယူနိုက်တက်အသင်းသို့ တစ်ဖန်ပြန်လည်ပြောင်းရွှေ့တော့မည့်ဟု သတင်းတွေ ထွက်ပေါ်ခဲ့သော်လည်း Memphis Depay က ဘာစီလိုနာမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ယခုအချိန်တွင် သူ့ရဲ့အနာဂတ်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆို လိုက်ပါတယ်။
Memphis Depay သည် ဘာစီလိုနာတွင် ကစားချိန်နည်းပါးသည့်အတွက် မပျော်မရွှင်ဖြစ်‌နေသော်လည်း ပွဲထွက်ခွင့်တစ်နေရာအတွက် ဆက်လက်တိုက်ပွဲဝင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
နယ်သာလန်လက်ရွေးစင်သည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် အီတလီကလပ် ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရန် အတော်လေးနီးစပ်ခဲ့သော်လည်း အပြောင်းအရွှေ့ပျက်ပျယ်သွားခဲ့ရတာ ဖြစ်ပါတယ်။ယူနိုက်တက်နည်းပြဟောင်းများဖြစ်သည့် လူးဝစ်ဗန်ဟားလ်နှင့် ဂျို့စ်မော်ရင်ညိုလက်ထက် ၁၈ လကြာ အိုးလ်ထရက်ဖို့ဒ်တွင် ကစားခဲ့ဖူးသော မန်း‌ဖစ် ဒီပေးကို ပြန်လည်ခေါ်ယူဖို့ ယခုနွေရာသီတွင် မန်ယူအသင်းအပြင် ချယ်လ်ဆီးအသင်းကလည်း ချိတ်ဆက်ခဲ့ပါသည်။
ဒါပေမယ့် သူဟာ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ Pierre-Emerick Aubameyang ဟာ ​​နောက်ဆုံးရက်မှာ ချဲလ်ဆီးကို ထွက်ခွာသွားခဲ့တာကြောင့် အသင်းမှာ ‌ဆက်လက်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကာ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ကြောင်း သတင်းတွေအရ သိရသည်။သူဟာ ယခုအချိန်ထိ ဘာစီလိုနာအသင်းမှာ 3 ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပြီး သွင်းဂိုး ၁ ဂိုးသွင်းယူထားနိုင်သော်လည်း မိနစ် 90 ပြည့်အောင် ကစားခွင့်မရသေးပေ။
နိုင်ငံတကာတာဝန်များထမ်းဆောင်နေစဉ် ESPN နှင့် Marca တို့နှင့် စကားပြောဆိုရာတွင် Depay က “လာလီဂါမှာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော်ဟာ နှစ်ပွဲကစားခွင့် ရခဲ့ပါတယ်။ ဒါက မလုံလောက်ဘူး။ မိနစ် 60 အပြီးမှာ ထွက်သွားပေမယ့် ကျွန်တော်ဒီထက် ကစားချိန် ပိုလိုချင်ပါတယ်။”
” ပွဲရဲ့ နောက်ဆုံး 25 မိနစ်မှာ နေရာလွတ်တွေ ပိုများလာပြီး အဲဒါကို အခွင့်ကောင်းယူဖို့ အမြဲတမ်း အခွင့်အရေးရှိပါတယ်။ ကျွန်တော်က ပြိုင်ဆိုင်မှုကို နှစ်သက်ပြီး ပြိုင်ပွဲကနေ မထွက်ချင်ပါဘူး။ ဘာစီလိုနာမှာ နေရတာကြိုက်ပါတယ်။
တခြားအသင်းတွေကို ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး စာချုပ်တွေ ကမ်းလှမ်းခဲ့ပေမယ့် ကျွန်တော် ဘာစီလိုနာမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ကျွန်တော့်ရဲ့ ဇာတ်လမ်းအချို့ အဆုံးသတ်ဖို့ ကျန်ရှိနေသေးပေမယ့် ဒီရွေးချယ်မှုအပေါ် နောင်တမရပါဘူး။ “
Zawgyi
Leave a Reply
Your email address will not be published.