ယူနိုက်တက်ပစ်မှတ် ဂတ်ပိုကို ဆောင်းဈေးကွက်မှာ ရောင်းချဖို့ ဆုံးဖြတ်လိုက်တဲ့ PSV (နောက်ဆုံးရအပြောင်းအရွေ့အခြေအနေ)

Posted by

နယ်သာလန် ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဗွီရဲ့ ဒါရိုက်တာ မာဆယ်လ် ဘရန်းက သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပို အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်သာ ရလာရင် လာမယ့် ဆောင်းဈေးကွက်မှာတင် ဂတ်ပိုကို ရောင်းချဖွယ် ရှိကြောင်း ဝန်ခံစကား ပြောကြားသွားပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဂတ်ပိုက ပီအက်စ်ဗွီရဲ့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ပီအက်စ်ဗွီရဲ့ တိုက်စစ်ကို အဓိက ထမ်းပိုးခဲ့သူ ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် အထိ ရရှိထားပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ နာမည်ကြီးကလပ်တွေက ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဂတ်ပိုကလည်း သူ့ရဲ့ ကစားသမား ဘဝ အတွက် ပီအက်စ်ဗွီကနေ ထွက်ခွာကာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

ဂတ်ပိုက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ အတွင်းမှာလည်း ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ နွေအသုံးစရိတ် အားလုံးကို အေဂျက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီအား ခေါ်ယူရာမှာ သုံးလိုက်ရတာကြောင့် ဂတ်ပိုကို မခေါ်ယူဖြစ်ခဲ့တာပါ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဇန်နဝါရီဈေးကွက် အတွင်းမှာ ဂတ်ပိုကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားလာနိုင်ချေတွေ ရှိနေပြီး ပီအက်စ်ဗွီ ဒါရိုက်တာ ဘရန်းကတော့ သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးသာ ရမယ် ဆိုရင် ဂတ်ပိုကို ရောင်းချဖို့ အဆင်သင့် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဘရန်းက – “ကျွန်တော် အခုချိန်မှာ ပြောနိုင်တာကတော့ ဂတ်ပိုနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ ဘုတ်အဖွဲ့ဆီ ၊ စီမံခန့်ခွဲမှုအဖွဲ့ဆီ ဘယ်လို ကမ်းလှမ်းချက်မျိုးမှ ရောက်မလာသေးပါဘူး။ ကျွန်တော်တို့က ဒီစကားကို ပြောဖူးပေမယ့် နောက်တခါ ထပ်ပြောပါမယ်။ ဂတ်ပိုအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရလာရင် ကျွန်တော်တို့က သူ့ကို ရောင်းချသွားမှာပါ။ ဒါက ငွေကြေးတခုထဲကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့က ဂတ်ပိုကို သူ့အတွက် သင့်တော်တဲ့ အသင်း ရှိလာရင် ရောင်းချပေးမယ်လို့ ကတိပေးထားတာကြောင့်ပါ” လို့ ပြောကြားသွားခဲ့တာပါ။

Zawgyi

နယ္သာလန္ ထိပ္သီးအသင္း တသင္း ျဖစ္တဲ့ ပီအက္စ္ဗြီရဲ့ ဒါရိုက္တာ မာဆယ္လ္ ဘရန္းက သူတို႔အသင္းရဲ့ ၾကယ္ပြင့္ တိုက္စစ္မွူး ဂတ္ပို အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမွု တရပ္သာ ရလာရင္ လာမယ့္ ေဆာင္းေဈးကြက္မွာတင္ ဂတ္ပိုကို ေရာင္းခ်ဖြယ္ ရွိေၾကာင္း ဝန္ခံစကား ေျပာၾကားသြားပါတယ္။

အသက္ ၂၃ႏွစ္ အရြယ္ နယ္သာလန္ လက္ေရြးစင္ တိုက္စစ္ကစားသမား ဂတ္ပိုက ပီအက္စ္ဗြီရဲ့ အကယ္ဒမီထြက္ လူငယ္ၾကယ္ပြင့္ တဦး ျဖစ္ၿပီး သူဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီေတြမွာ ပီအက္စ္ဗြီရဲ့ တိုက္စစ္ကို အဓိက ထမ္းပိုးခဲ့သူ ျဖစ္သလို ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ပီအက္စ္ဗြီ အတြက္ ၿပိဳင္ပြဲစုံမွာ ၁၃ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၀ဂိုး သြင္းယူထားနိုင္သလို ဂိုးဖန္တီးမွု ၉ႀကိမ္ အထိ ရရွိထားပါတယ္။

ဒါေၾကာင့္ပဲ ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္ အပါအဝင္ ဥေရာပ နာမည္ႀကီးကလပ္ေတြက ဂတ္ပိုကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး ဂတ္ပိုကလည္း သူ႔ရဲ့ ကစားသမား ဘဝ အတြက္ ပီအက္စ္ဗြီကေန ထြက္ခြာကာ ထိပ္သီးအသင္း တသင္းဆီ ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ထားပါတယ္။

ဂတ္ပိုက ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေရႊ႕ အတြင္းမွာလည္း ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕ဖို႔ အေတာ္ေလး နီးစပ္ခဲ့ၿပီး မန္ခ်က္စတာ ယူနိုက္တက္ဟာ သူတို႔ရဲ့ ေႏြအသုံးစရိတ္ အားလုံးကို ေအဂ်က္ရဲ့ ေတာင္ပံတိုက္စစ္ ကစားသမား အန္တိုနီအား ေခၚယူရာမွာ သုံးလိုက္ရတာေၾကာင့္ ဂတ္ပိုကို မေခၚယူျဖစ္ခဲ့တာပါ။

ဒါေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္က လာမယ့္ ဇန္နဝါရီေဈးကြက္ အတြင္းမွာ ဂတ္ပိုကို ထပ္မံ ေခၚယူဖို႔ ႀကိဳးစားလာနိုင္ေခ်ေတြ ရွိေနၿပီး ပီအက္စ္ဗြီ ဒါရိုက္တာ ဘရန္းကေတာ့ သူတို႔သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးသာ ရမယ္ ဆိုရင္ ဂတ္ပိုကို ေရာင္းခ်ဖို႔ အဆင္သင့္ ရွိေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။

ဘရန္းက – “ကၽြန္ေတာ္ အခုခ်ိန္မွာ ေျပာနိုင္တာကေတာ့ ဂတ္ပိုနဲ႔ ပတ္သတ္ၿပီး ကၽြန္ေတာ္တို႔ရဲ့ ဘုတ္အဖြဲ႕ဆီ ၊ စီမံခန႔္ခြဲမွုအဖြဲ႕ဆီ ဘယ္လို ကမ္းလွမ္းခ်က္မ်ိဳးမွ ေရာက္မလာေသးပါဘူး။ ကၽြန္ေတာ္တို႔က ဒီစကားကို ေျပာဖူးေပမယ့္ ေနာက္တခါ ထပ္ေျပာပါမယ္။ ဂတ္ပိုအတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမွု ရလာရင္ ကၽြန္ေတာ္တို႔က သူ႔ကို ေရာင္းခ်သြားမွာပါ။ ဒါက ေငြေၾကးတခုထဲေၾကာင့္ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔က ဂတ္ပိုကို သူ႔အတြက္ သင့္ေတာ္တဲ့ အသင္း ရွိလာရင္ ေရာင္းခ်ေပးမယ္လို႔ ကတိေပးထားတာေၾကာင့္ပါ” လို႔ ေျပာၾကားသြားခဲ့တာပါ။

Leave a Reply

Your email address will not be published.