အောင်လနှင့် အိုကာမီတို့အပြန်အလှန်စိန်ခေါ်ထားကြသလို တကယ်ဘဲပွဲဖြစ်လာတော့မှာလား ?

Posted by

Unicode

ပြီးခဲ့သည့် ဖေဖော်ဝါရီလ 25 ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ‘ONE Full Circle’ ပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်းသည် ရုရှားဖိုက်တာ ဗစ်တလီ ဘစ်ဒက်ရှ်နှင့် ရင်ဆိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

အောင်လသည် အဆိုပါပွဲစဉ်ကို ရှုံးနိမ့်ခဲ့တာကြောင့် မစ်ဒယ်ဝိတ်တန်းခါးပတ် စိန်ခေါ်ခွင့်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး၊ ဘစ်ဒက်ရှ်နှင့် အောင်လတို့အကြား အားပြိုင်မှုမှာ အောင်လတစ်ယောက် အရေးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

အောင်လနှင့် ထိုးသတ်ချင်ကြောင်း CEO ‘CHATRI’ ကို ကိုယ်တိုင်ကိုယ်ကျ ပြောကြားထားခဲ့ဖူးသည့် ဂျပန်ဖိုက်တာ ယူရှင်အိုကာမီကို ပရိသတ်ကြီးတို့ မှတ်မိကြဦးမယ် ထင်ပါတယ်။

အိုကာမီသည် ကြိုးဝိုင်းနှင့် အချိန်တော်တော်ကြာ ဝေးကွာနေခဲ့တာကြောင့် ပွဲဆာလောင်နေတာဖြစ်ပြီး အောင်လနှင့်လည်း ထိုးသတ်ချင်နေတာကြောင့် ‘ONE Championship’ က ပွဲစီစဉ်ပေးမလားဆိုတာ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

အောင်လသည် သူ၏အိမ်မက်ဖြစ်သည့် မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ပြန်လည် စိန်ခေါ်ခွင့် ရရှိဖို့အတွက် ကြားပွဲများကို ဆက်လက်ထိုးသတ်ရမှာ ဖြစ်တာကြောင့် အောင်လ၏ နောက်ထပ်ပြိုင်ဘက်က မည်သူဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ပရိသတ်ကြီးတို့ရော အောင်လနှင့် အိုကာမီတို့၏ တွဲဆိုင်း ဖြစ်လာနိုင်မည်ဟု ထင်မြင်ပါသလား၊ အကယ်၍ အဆိုပါ တွဲဆိုင်းဖြစ်လာခဲ့ရင်ရော လေကျယ်နေသည့် အိုကာမီတစ်ယောက် အောင်လကို အနိုင်ယူနိုင်ပါ့မလားဆိုတာ ဆွေးနွေး သုံးသပ်ပေးကြပါဦးခင်ဗျာ။

Zawgyi
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ 25 ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ ‘ONE Full Circle’ ၿပိဳင္ပြဲႀကီးတြင္ ေအာင္လအန္ဆန္းသည္ ႐ုရွားဖိုက္တာ ဗစ္တလီ ဘစ္ဒက္ရွ္ႏွင့္ ရင္ဆိုင္ထိုးသတ္ခဲ့ၿပီး ဒိုင္အဆုံးအျဖတ္ျဖင့္ ရႈံးနိမ့္ခဲ့ပါသည္။

ေအာင္လသည္ အဆိုပါပြဲစဥ္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ မစ္ဒယ္ဝိတ္တန္းခါးပတ္ စိန္ေခၚခြင့္ကို ဆုံးရႈံးခဲ့ရတာျဖစ္ၿပီး၊ ဘစ္ဒက္ရွ္ႏွင့္ ေအာင္လတို႔အၾကား အားၿပိဳင္မႈမွာ ေအာင္လတစ္ေယာက္ အေရးနိမ့္သြားခဲ့ရတာ ျဖစ္ပါတယ္။

ေအာင္လႏွင့္ ထိုးသတ္ခ်င္ေၾကာင္း CEO ‘CHATRI’ ကို ကိုယ္တိုင္ကိုယ္က် ေျပာၾကားထားခဲ့ဖူးသည့္ ဂ်ပန္ဖိုက္တာ ယူရွင္အိုကာမီကို ပရိသတ္ႀကီးတို႔ မွတ္မိၾကဦးမယ္ ထင္ပါတယ္။

အိုကာမီသည္ ႀကိဳးဝိုင္းႏွင့္ အခ်ိန္ေတာ္ေတာ္ၾကာ ေဝးကြာေနခဲ့တာေၾကာင့္ ပြဲဆာေလာင္ေနတာျဖစ္ၿပီး ေအာင္လႏွင့္လည္း ထိုးသတ္ခ်င္ေနတာေၾကာင့္ ‘ONE Championship’ က ပြဲစီစဥ္ေပးမလားဆိုတာ ေစာင့္ၾကည့္ရမွာဘဲ ျဖစ္ပါတယ္။

ေအာင္လသည္ သူ၏အိမ္မက္ျဖစ္သည့္ မစ္ဒယ္ဝိတ္တန္းခါးပတ္ကို ျပန္လည္ စိန္ေခၚခြင့္ ရရွိဖို႔အတြက္ ၾကားပြဲမ်ားကို ဆက္လက္ထိုးသတ္ရမွာ ျဖစ္တာေၾကာင့္ ေအာင္လ၏ ေနာက္ထပ္ၿပိဳင္ဘက္က မည္သူျဖစ္လာမလဲဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

ပရိသတ္ႀကီးတို႔ေရာ ေအာင္လႏွင့္ အိုကာမီတို႔၏ တြဲဆိုင္း ျဖစ္လာႏိုင္မည္ဟု ထင္ျမင္ပါသလား၊ အကယ္၍ အဆိုပါ တြဲဆိုင္းျဖစ္လာခဲ့ရင္ေရာ ေလက်ယ္ေနသည့္ အိုကာမီတစ္ေယာက္ ေအာင္လကို အႏိုင္ယူႏိုင္ပါ့မလားဆိုတာ ေဆြးေႏြး သုံးသပ္ေပးၾကပါဦးခင္ဗ်ာ။

Leave a Reply

Your email address will not be published.