အောင်လကိုယ်တိုင် ထိုးသတ်ချင်ပါတယ်ဟု ပြောကြားခဲ့ဖူးသည့် UFC ဖိုက်တာတစ်ဦး

Posted by

Unicode

ကျွန်တော်တို့ မြန်မာပရိသတ်များ၏ အသည်းကျော် ကချင်သားကြီး အောင်လအန်ဆန်းသည် ‘ONE Championship’ ၏ မစ်ဒယ်ဝိတ်တန်းလက်အောက်တွင် ထိုးသတ်နေသည့် ဖိုက်တာတစ်ဦးဖြစ်ပါတယ်။

အောင်လသည် ယခင်က ‘ONE Championship’ ရဲ့ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့၏ ချန်ပီယံခါးပတ်များကို ရယူပိုင်ဆိုင်ခဲ့ဖူးသည့် အာရှဖိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။

အောင်လသည် တစ်ချိန်က အင်တာဗျူးတစ်ခုတွင် ‘UFC’ ရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ်နေသည့် ဖိုက်တာတစ်ဦးနှင့် ရင်ဆိုင်ထိုးသတ်ချင်ကြောင်း ပြောကြားခဲ့ဖူးပါသည်။

အောင်လ ရင်ဆိုင်ထိုးသတ်ချင်နေသည့် အဆိုပါ ဖိုက်တာကတော့ ရောဘတ်ဝှစ်တိတ်ကာဘဲ ဖြစ်ပါတယ်။ ရောဘတ်ဝှစ်တိတ်ကာသည် သာမန်ဖိုက်တာတစ်ဦးမဟုတ်ဘဲ မစ်ဒယ်ဝိတ်တန်း၏ ချန်ပီယံဟောင်းတစ်ဦးလည်း ဖြစ်သလို အဆိုပါ ခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ အလားအလာရှိနေသည့် ဖိုက်တာတစ်ဦးဘဲ ဖြစ်ပါတယ်။

ဝှစ်တိတ်ကာသည် ‘UFC’ ရဲ့ မစ်ဒယ်ဝိတ်တန်းက ဖိုက်တာများထဲတွင် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သည့် ဖိုက်တာတစ်ဦးလည်းဖြစ်ပြီး ပရိသတ်အားပေးမှုများ ရရှိနေသည့် ဖိုက်တာတစ်ဦးဘဲ ဖြစ်ပါတယ်။

အောင်လအနေဖြင့် ရောဘတ်ဝှစ်တိတ်ကာနှင့် ထိုးသတ်ချင်သည့် ဆန္ဒဟာ ပြည့်မြောက်လာဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်လက ‘ONE Championship’ လက်အောက်က ဖိုက်တာတစ်ဦးဖြစ်ပြီး၊ ဝှစ်တိတ်ကာက ‘UFC’ လက်အောက်က ဖိုက်တာဖြစ်နေတာကြောင့်ပါ။

ပရိသတ်ကြီးတို့ရော အောင်လနှင့် ဝှစ်တိတ်ကာတို့ တွဲဆိုင်းကို ကြည့်ရှုချင်ကြပါသလား။ အကယ်၍ အဆိုပါ တွဲဆိုင်းဖြစ်ပေါ်လာခဲ့မည်ဆိုပါက အောင်လတစ်ယောက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတာ ဆွေးနွေး သုံးသပ်ပေးကြပါဦးခင်ဗျာ။

Zawgyi








Leave a Reply

Your email address will not be published.