Angela Lee ရဲ့ နောက်ထပ်ပြိုင်ဘက် ထွက်ပေါ်လာ

Posted by

Unicode

‘One Championship’ ရဲ့ အမျိုးသမီးဖိုက်တာတစ်ဦးဖြစ်သည့် Angela Lee သည် ပြီးခဲ့သည့် မတ်လ 26 ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ‘ONE Championship’ ရဲ့ ဆယ်နှစ်ပြည့်အခမ်းအနား ‘ONE X’ ပြိုင်ပွဲမှာ ထိုင်းနိုင်ငံသူ Stamp Fairtex နဲ့ ရင်ဆိုင်ထိုးသတ်ခဲ့ပါသည်။

Angela Lee သည် ကြိုးဝိုင်းနှင့် ဝေးကွာနေခဲ့တာ 2 နှစ်နီးပါးကြာပြီဖြစ်သော်လည်း ပြီးခဲ့သည့် ပွဲစဉ်တွင် ချန်ပီယံတစ်ယောက်ရဲ့ အရည်အသွေးတွေကို ပြသသွားခဲ့ပြီး ၎င်း၏ Atomweight တန်းခါးပတ်ကို ထပ်မံကာကွယ် နိုင်ခဲ့ပါသည်။

ယခုရက်ပိုင်းထွက်ပေါ်လာခဲ့သည့် ‘ONE Championship’ ရဲ့အတည်ပြုလို့မရသေးသည့် ပွဲဇဉ်ဇယားတစ်ခုတွင် Angela Lee သည် မျက်နှာသစ်ဖိုက်တာတစ်ဦးဖြစ်သည့် KELLY နှင့် SUBMISSION GRAPPLING ပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။

KELLY သည် ONE Championship သို့ ရောက်ရောက်ချင်းမှာဘဲ YAMAGUCHI နှင့် SUBMISSION GRAPPLING ပွဲစဉ်ကစားခဲ့ပြီး သရေရလဒ်သာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် KELLY သည် အဆိုပါပွဲစဉ်တွင် ONE Championship ကချီးမြှင့်သည့် Bonus ဆု ကန်ဒေါ်လာ 50,000 ကို ရရှိခဲ့ပါသည်။

ဒါကြောင့်မလို့ ဒီပွဲသာ အတည်ဖြစ်လာခဲ့ပါက Ground ပိုင်းအားသန်သည့် ဖိုက်တာနှစ်ဦးထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပြီး ပရိသတ်တွေ စိတ်ဝင်စားမှုများစွာ ရရှိမှာ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ရော အဆိုပါ အမျိုးသမီး Grappling ပွဲစဉ်ကို ကြည့်ရှုချင်ကြပါသလားခင်ဗျာ။

Zawgyi







Leave a Reply

Your email address will not be published.