
တော့တင်ဟမ်နည်းပြကွန်တီကဟယ်ရီကိန်းအနေနဲ့ အသင်းမှာကာလရှည်ဆက်ရှိနေမယ်လို့ယုံကြည်နေပေမယ့်အသင်း မှာဆက်ရှိနေဖို့ကကလပ်နဲ့ ကစားသမားအပေါ်မှာပဲ မူတည်နေတယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။အသက် ၂၉ နှစ်သားရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲကိုရောက်နေပြီး နွေရာသီမှာ ယူနိုက်တက်ကလည်း ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်ထားနေပါတယ်။
ကွန်တီရဲ့အနာဂတ်မသေချာချိန်မှာ သူ့အနေနဲ့ အသင် နဲ့ ကိန်းရဲ့စာချုပ်အနေအထားကို ဝင်ပါမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ဒီလိုအခြေအနေက နည်းပြအတွက်ကော အခြားသူတွေအတွက်ပါ ခက်ခဲပါတယ်။ အသင်းကစားသမားအတွက် မှန်ကန်တဲအခြေအနေရှာဖို့ လိုအပ်ပါတယ်။ ကျွန်တော်ပြောနိုင်တာကဟယ်ရီကိန်းကို နည်းပြတိုင်းက သူ့အသင်းမှာ လိုချင်ကြပါတယ်။”
ဒါပေမယ့်မတူညီတဲ့အချက်အလက်တွေလည်းရှိနေပါတယ် အခြေအနေတစ်ခုကိုရှာဖို့လိုအပ်ပါတယ်အဲ့တာက ကစား သမားနဲ့ အသင်းအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် အပေါ်မှာ မမူတည်ပါဘူး။ ”ကျွန်တော့်ဘက်ကပြောရမယ်ဆိုရင်တော့ဟယ်ရီက အသင် အတွက် အရမ်းအရေးပါတဲ့ကစားမားပါ။ သူ့ရဲ့အရေးပါမှုကို မင်းသိပါတယ်။ ဒီရာသီထိပ်ဆုံး ၄ သင်းနေရာဝင်နိုင်ဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်။
ဒါကြောင့် အဲ့တာကို သေချာလေးအာရုံစိုက်ရပါမယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။နွေရာသီမှာ ဟယ်ရီကိန်းတစ်ယောက် အသက် ၃၀ ဖြစ်မှာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ လိုချင်နေပါတယ်။ဆက်လက်ပြီး ကွန်တီက“မင်းအနေနဲ့ အသက်ကြီးလာချိန်မှာကစားသမားတစ်ဦးအနေနဲ့ပိုသန်မာလာရမှာပါကျွန်တော် တို့ ကိန်းအကြောင်းနေ့တိုင်းပြောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ပရော်ဖက်ရှင်နယ်ဆန်လို့ပါ။သူ့မှာတောက်ပတဲ့အနာဂတ်ရှိနေတယ်လို့ မြင်ပါတယ်။ဒါပေမယ့်အသက်၃၀ကျော်လာချိန်မှာ မင်းအနေနဲ့ ထိပ်တန်းအဆင့်မှာရှိနေဖို့ သခြောာလေးဂရုစိုကျရမှာပါလို့ ပြောကြားခဲ့ပါတယ်။crd
Zawgyi
ေတာ့တင္ဟမ္နည္းျပကြန္တီကဟယ္ရီကိန္းအေနနဲ႔ အသင္းမွာကာလရွည္ဆက္ရွိေနမယ္လို႔ယုံၾကည္ေနေပမယ့္အသင္း မွာဆက္ရွိေနဖို႔ကကလပ္နဲ႔ ကစားသမားအေပၚမွာပဲ မူတည္ေနတယ္လို႔ အခိုင္အမာဆိုခဲ့ပါတယ္။အသက္ ၂၉ ႏွစ္သားရဲ့စာခ်ဳပ္သက္တမ္းက ေနာက္ဆုံးႏွစ္ထဲကိုေရာက္ေနၿပီး ေႏြရာသီမွာ ယူနိုက္တက္ကလည္း ေခၚယူဖို႔ ဦးစားေပး ပစ္မွတ္ထားေနပါတယ္။
ကြန္တီရဲ့အနာဂတ္မေသခ်ာခ်ိန္မွာ သူ႔အေနနဲ႔ အသင္ နဲ႔ ကိန္းရဲ့စာခ်ဳပ္အေနအထားကို ဝင္ပါမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ဒီလိုအေျခအေနက နည္းျပအတြက္ေကာ အျခားသူေတြအတြက္ပါ ခက္ခဲပါတယ္။ အသင္းကစားသမားအတြက္ မွန္ကန္တဲအေျခအေနရွာဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္ေျပာနိုင္တာကဟယ္ရီကိန္းကို နည္းျပတိုင္းက သူ႔အသင္းမွာ လိုခ်င္ၾကပါတယ္။”
ဒါေပမယ့္မတူညီတဲ့အခ်က္အလက္ေတြလည္းရွိေနပါတယ္ အေျခအေနတစ္ခုကိုရွာဖို႔လိုအပ္ပါတယ္အဲ့တာက ကစား သမားနဲ႔ အသင္းအေပၚမွာ မူတည္ပါတယ္။ ကၽြန္ေတာ္ အေပၚမွာ မမူတည္ပါဘူး။ ”ကၽြန္ေတာ့္ဘက္ကေျပာရမယ္ဆိုရင္ေတာ့ဟယ္ရီက အသင္ အတြက္ အရမ္းအေရးပါတဲ့ကစားမားပါ။ သူ႔ရဲ့အေရးပါမွုကို မင္းသိပါတယ္။ ဒီရာသီထိပ္ဆုံး ၄ သင္းေနရာဝင္နိုင္ဖို႔က လူတိုင္းအတြက္ အေရးႀကီးပါတယ္။
ဒါေၾကာင့္ အဲ့တာကို ေသခ်ာေလးအာ႐ုံစိုက္ရပါမယ္”လို႔ ကြန္တီက ေျပာၾကားခဲ့ပါတယ္။ေႏြရာသီမွာ ဟယ္ရီကိန္းတစ္ေယာက္ အသက္ ၃၀ ျဖစ္မွာျဖစ္ၿပီး အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မွုေတြ လိုခ်င္ေနပါတယ္။ဆက္လက္ၿပီး ကြန္တီက“မင္းအေနနဲ႔ အသက္ႀကီးလာခ်ိန္မွာကစားသမားတစ္ဦးအေနနဲ႔ပိုသန္မာလာရမွာပါကၽြန္ေတာ္ တို႔ ကိန္းအေၾကာင္းေန႔တိုင္းေျပာျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ပေရာ္ဖက္ရွင္နယ္ဆန္လို႔ပါ။သူ႔မွာေတာက္ပတဲ့အနာဂတ္ရွိေနတယ္လို႔ ျမင္ပါတယ္။ဒါေပမယ့္အသက္၃၀ေက်ာ္လာခ်ိန္မွာ မင္းအေနနဲ႔ ထိပ္တန္းအဆင့္မွာရွိေနဖို႔ သေျခာာေလးဂ႐ုစိုက်ရမွာပါလို႔ ေျပာၾကားခဲ့ပါတယ္။crd
Leave a Reply