ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အဲရစ်တန် ဟတ် လာမယ့် ကတော့ နွေမှာ အသင်း အတွက် လူအင်အား ဖြည့် တင်းမှု တွေ ပြုလုပ် သွားမှာ ဖြစ် ပြီး တိုက်စစ်မှုးတစ်ဦး နဲ့ ကွင်းလယ် လူတစ်ဦး ကို ဦးစား ပေးမည် ဖြစ်ပါတယ်။ညာနောက်ခံ နေရာအတွက် အစီအစဉ်ချ ခဲ့ပေမယ့် ဘစ်စာကာ ရဲ့ ခြေစွမ်းပြန်လည် ပြသ လာမှု၊ ဒါ လော့ ရဲ့ အရည်အသွေး ကို ယုံကြည် မှု စတဲ့ အချက် အလက်တွေ ကြောင့် လာမယ့် ရာသီ အ ပြောင်း အရွှေ့ဦးစားပေး ထဲ မှာ မပါဝင်ပဲ တိုက်စစ် မှုး နဲ့ ကွင်းလယ် လူ ကို အဓိက နေရာ ကို ရောက်စေ ခဲ့ပါတယ်။
တိုက်စစ် အတွက် ယူနိုက်တက် က စပါးတိုက်စစ် မှုး ဟယ်ရီကိန်း၊ ဘင်ဖီကာ တိုက်စစ်မှုး ဂွန်ဂါလိုရာမိုစ် နဲ့ နာပိုလီတိုက်စစ်မှုး အိုစီမန် တို့ နမည် ကြီး နေပါ တယ်။ ကွင်းလယ် ပိုင်းအတွက် တော့ဒီဂျောင်၊ ဘယ်လင်ဟမ် တို့ အဓိက နေရာမှာဦးဆောင်နေပြီး။ ဒီဂျောင် ကတော့ ယူနိုက်တက် ကို မပြောင်း ရွှေ့လို ပဲ ဘယ်လင်ဟမ် က သာ ဖြစ်လာနိုင်တဲ့ အပြောင်း အရွှေ့မှာ ထိပ်ဆုံးက ရပ်တည် နေပါတယ်။
ဒေါ့မွန်ဘက်က လာမယ့် ရာသီ မှာ ယူရိုသန်း ၁၂ဝ အထိ ပြောင်း ရွှေ့ကြေး သတ်မှတ်ထားပြီး ယူနိုက် တက် အသင်း က ခေါ်ယူ လိုပါက ယူနိုက်တက် လူငယ် ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ ပယ်လီစထရီ နဲ့ အီ လန်ဂါ တို့ ကို အငှား သို့မဟုတ် အပြီးသတ် ရောင်းချ ပေးစေလိုတဲ့ အချက်ကို ထည့်သွင်း လိုနေ တယ်လို့ သိရပါတယ်။
ဒေါ့မွန်ဟာ အီလန်ဂါကို ပြီးခဲ့တဲ့ ဈေးကွက်ထဲ က အ ငှား ခေါ်ယူ လို ခဲ့တာ ဖြစ်ပြီး ပယ်လီစထရီ ကိုလဲ ပြီးခဲ့ တဲ့ နွေကတည်းက ခေါ်ယူ ရန် ကြိုးပမ်း ခဲ့တာ လဲ ဖြစ်ပါတယ်။ ဒါကြောင့် လဲ ဘယ်လင်ဟမ် ရဲ့ အ ပြောင်း အရွှေ့မှာ အဆိုပါ ကြယ်ပွင့်နှစ်ဦးကို အငှား သို့ မဟုတ် အပြီးသတ် ရောင်းချ မယ် ဆိုတဲ့ အချက် ကို ထည့် သွင်းမည် ဆိုပါက ဘယ်လင်ဟမ်ကို ယူနို က်တက် ထံရောင်းချ ရန် လက်တွန့်နေမည် မဟုတ် ဟု သိရပါတယ်။crd
Zawgyi
Leave a Reply