
🔴 မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဖူလ်ဟမ်နဲ့ကစားမယ့်FA ဖလားပွဲမှာ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
🔴 ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်သည် အသက် (20) အရွယ်ရှိDutch လူမျိုး ဂိုးသမားလေး ဗာဘရုဂင် ကိုမျက်စိကျနေသည် ဟု သိရသည် ။Belgium ကလပ် Anderlecht အသင်းကို(2020/21) ရာသီကမှယူရို (3) သိန်းဖြင့်ပြောင်းရွှေ့လာခဲ့ပြီးယခုနှစ်ရာသီအတွင်း (12) ပွဲ ပွဲထွက်ခွင့်ရရှိရာကနေပေးဂိုးမရှိပွဲစဥ် (5) ပွဲ ရယူနိုင်ခဲ့သူ ဖြစ်သည် ။Long-Ball နဲ့ Passing ပေးပို့ရာမှာလည်းထူးချွန်သူဟု အချက်အလက်အချို့အရ သိရသည်။
🔴 အသင်းရဲ့ အနာဂတ်လူငယ်ကြယ်ပွင့်ဖြစ်တဲ့ Amad Diallo သည် မနေ့ကကစားခဲ့တဲ့ Lutonနဲ့ ပွဲစဥ်မှာ နောက်ကျ ပယ်နယ်တီ သွင်းဂိုးနဲ့အတူ ဆန်းဒါးလန်းတို့ကို သရေတစ်မှတ်ရယူပေးနိုင်ခဲ့ပါတယ်။အာမက်ဟာ လက်ရှိမှာ ဆန်းဒါးလန်းအသင်းအတွက်ခြေစွမ်းပြကစားနေသူဖြစ်တာကြောင့် လာမယ့်ရာသီမှာ ယူနိုက်တက်တးအသင်းမှာ ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။
🔴 မန်ယူပိုင်ရှင်သစ်တွေ ဖြစ်လာဖို့ အလားအလာများနေတဲ့ ကာတာအဖွဲ့စည်းဟာ ကြာသပတေးနေ့ တွေ့ဆုံမှုအတွင်း သူတို့ရဲ့ အသင်းအပေါ်ထားရှိတဲ့ စီမံကိန်းတွေကိုချပြခဲ့တဲ့အထဲမှာ ပရိတ်သတ်တွေ ကိုယ်တိုင် အပြောင်းရွှေ့မှာ ပါဝင်မဲပေးခွင့်ရှိမယ့်အချက်ကို ချပြခဲ့တယ်လို့သိရပါတယ်။ ပရိတ်သတ်တွေအတွက် အပြောင်းရွှေ့ရာသီဟာ ရင်ခုန်စိတ်လှုပ်ရှားရမှုအမြင့်ဆုံး အချိန်ဖြစ်ပြီး ကိုယ်အလိုရှိတဲ့ကစားသမားရောက်ရှိလာရင် အတိုင်းအဆမသိပျော်ရွှင်ရတာကြောင့် ယခုထည့်သွင်းမယ့် အစီစဉ်ဟာ ပရိတ်သတ်တွေရဲ့ တခဲနက်ထောက်ခံမှုကို ရရှိမှာတော့ အသေချာပါပဲ။
🔴 မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှုး မူအာနီအတွက် ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ခု ဖြစ်တဲ့ ယူရို သန်း 120 ကမ်းလှမ်းသွားမှာပါ။ပြီးခဲ့သည့်အပတ်က အေးဂျင့်အသစ် Moussa Sissoko နှင့် အားကစားဒါရိုက်တာ Markus Krösche တို့နှင့် တွေ့ဆုံခဲ့ပါသည်။
Zawgyi
🔴 မန္ခ်က္စတာယူနိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ဖူလ္ဟမ္နဲ႔ကစားမယ့္FA ဖလားပြဲမွာ ေတာင္ပံတိုက္စစ္ကစားသမား အန္တိုနီပါဝင္ကစားနိုင္ဖို႔ ေမၽွာ္လင့္ေနပါတယ္။
🔴 ယူနိုက္တက္နည္းၿပ အဲရစ္တန္ဟတ္သည္ အသက္ (20) အရြယ္ရွိDutch လူမ်ိဳး ဂိုးသမားေလး ဗာဘ႐ုဂင္ ကိုမ်က္စိက်ေနသည္ ဟု သိရသည္ ။Belgium ကလပ္ Anderlecht အသင္းကို(2020/21) ရာသီကမွယူရို (3) သိန္းျဖင့္ေျပာင္းေရႊ႕လာခဲ့ၿပီးယခုႏွစ္ရာသီအတြင္း (12) ပြဲ ပြဲထြက္ခြင့္ရရွိရာကေနေပးဂိုးမရွိပြဲစဥ္ (5) ပြဲ ရယူနိုင္ခဲ့သူ ျဖစ္သည္ ။Long-Ball နဲ႔ Passing ေပးပို႔ရာမွာလည္းထူးခၽြန္သူဟု အခ်က္အလက္အခ်ိဳ႕အရ သိရသည္။
🔴 အသင္းရဲ့ အနာဂတ္လူငယ္ၾကယ္ပြင့္ျဖစ္တဲ့ Amad Diallo သည္ မေန႔ကကစားခဲ့တဲ့ Lutonနဲ႔ ပြဲစဥ္မွာ ေနာက္က် ပယ္နယ္တီ သြင္းဂိုးနဲ႔အတူ ဆန္းဒါးလန္းတို႔ကို သေရတစ္မွတ္ရယူေပးနိုင္ခဲ့ပါတယ္။အာမက္ဟာ လက္ရွိမွာ ဆန္းဒါးလန္းအသင္းအတြက္ေျခစြမ္းျပကစားေနသူျဖစ္တာေၾကာင့္ လာမယ့္ရာသီမွာ ယူနိုက္တက္တးအသင္းမွာ ျပန္လည္ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။
🔴 မန္ယူပိုင္ရွင္သစ္ေတြ ျဖစ္လာဖို႔ အလားအလာမ်ားေနတဲ့ ကာတာအဖြဲ႕စည္းဟာ ၾကာသပေတးေန႔ ေတြ႕ဆုံမွုအတြင္း သူတို႔ရဲ့ အသင္းအေပၚထားရွိတဲ့ စီမံကိန္းေတြကိုခ်ျပခဲ့တဲ့အထဲမွာ ပရိတ္သတ္ေတြ ကိုယ္တိုင္ အေျပာင္းေရႊ႕မွာ ပါဝင္မဲေပးခြင့္ရွိမယ့္အခ်က္ကို ခ်ျပခဲ့တယ္လို႔သိရပါတယ္။ ပရိတ္သတ္ေတြအတြက္ အေျပာင္းေရႊ႕ရာသီဟာ ရင္ခုန္စိတ္လွုပ္ရွားရမွုအျမင့္ဆုံး အခ်ိန္ျဖစ္ၿပီး ကိုယ္အလိုရွိတဲ့ကစားသမားေရာက္ရွိလာရင္ အတိုင္းအဆမသိေပ်ာ္ရႊင္ရတာေၾကာင့္ ယခုထည့္သြင္းမယ့္ အစီစဥ္ဟာ ပရိတ္သတ္ေတြရဲ့ တခဲနက္ေထာက္ခံမွုကို ရရွိမွာေတာ့ အေသခ်ာပါပဲ။
🔴 မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဖရန့္ဖတ္တိုက္စစ္မွုး မူအာနီအတြက္ ႀကီးမားတဲ့ ကမ္းလွမ္းမွု တစ္ခု ျဖစ္တဲ့ ယူရို သန္း 120 ကမ္းလွမ္းသြားမွာပါ။ၿပီးခဲ့သည့္အပတ္က ေအးဂ်င့္အသစ္ Moussa Sissoko ႏွင့္ အားကစားဒါရိုက္တာ Markus Krösche တို႔ႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
Leave a Reply