ကွာတားဖိုင်နယ်မှာ ဖူလ်ဟမ်ကို အနိုင်ရဖို့

ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် မှေးမှိန်သွားပေမယ့် ယူရိုပါလိဂ်မှာရော အက်ဖ်အေဖလားမှာပါ ကွာတား အဆင့်တွေ ရောက်ထားပြီး ဆုဖလား အခွင့်အရေးတွေ ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ယနေ့ညမှာ FA ဖလားကွာတားဖိုင်နယ်အဖြစ် ဖူဟမ်ကိုအိမ်ကွင်းမှာ လက်ခံကစားသွားရတော့မှာပါတွေ့ဆုံမှုတိုင်းအမြဲအသာရလေ့ရှိတဲ့ ယူနိုက်တက်အနေနဲ့ဒီပွဲမှာလဲ အင်တာနေရှင်နယ် ပြိုင်ပွဲရှိတာကြောင့် သေခြာပေါက် ကစားသမားအစုံအလင်နဲ့ပွဲထွက်လာမှာပါ ဒါပေမဲ့လဲ FA ဖလားပြိုင်ပွဲဖြစ်တာကြောင့် လူစာရင်းအပြောင်းအလဲများစွာလဲပြုလုပ်လာနိုင်ပါတယ် ။

ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်ကြတဲ့
ဒန်နီရယ်ဂျိမ်း အန်ဒါပါရဲယား တို့ဖူဟမ်ဘက်မှာပါဝင်လာနိုင်သလို အဓိကတိုက်စစ်မှုး မီထရိုဗစ်လဲပါဝင်လာနိုင်တာကြောင့် ပေါ့ပေါ့တန်တန်တော့ မကစားသင့်ဘူးလို့ထင်ပါတယ်။

ယူနိုက်တဒ်လူစာရင်းမှာ ကွင်းလယ်ကအားအနည်းဆုံးဖြစ်နိုင်ပြီး ဖုလ်ဟမ်ရဲ့ ပေါ်လင်ဟာ နဲ့ ပါရဲရား တို့ ကွင်းလယ်က အသာစီးရနေပါတယ်။တန်ဟဂ် အတွက် ဆဘစ်ဇာ-ဖရဒ် အတွဲကသာ အသုံးပြုနိုင်တဲ့အခြေအနေဖြစ်လို့ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗား ရဲ့ high press ကို အတော်လေး တောင့်ခံနိုင်မှ တော်ကာကျပါလိမ့်မယ်။

အထူးသဖြင့် ယူနိုက်တဒ် ခံစစ် နဲ့ ကွင်းလယ်ကြားမှာ link up play ပျက်နေပြီး ပြိုင်ဘက်က 3 vs 2 အခြေအနေတွေ မကြာခဏ ဖန်တီးနိုင်လာတာကြောင့် ဂရုပြုသင့်ပြီးယခင်လို ခံစစ်တန်းတစ်ခုထဲကသာ အဖျတ်တာဝန်ကို မနိုင်ဝန်ထမ်းထားရတာမျိူး ကြုံတွေ့နေရပါတယ်။

တန်ဟဂ် အနေနဲ့ အဆိုပါပြသနာကိုဖြေရှင်းဖို့ ဘရူနို ကို drop back လုပ်ပြီး ဆန်ချိူ ကို No(10) အဖြစ်အသုံးပြုခဲ့ပေမယ့် အလုပ်မဖြစ်လို့ အဖြေသစ်ရှာဖွေနေပါတယ်။ဒီပွဲမှာအားထားရမယ့် ကစားသမားက ရရှ်ဖိုဒ့် ပဲ ဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာ အပိုင်အခွင့်အရေးတွေ ဖြုန်းခဲ့လို့ ဒီလိုအရေးကြီးပွဲမျိုးမှာ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ထပ်ပြီးပြသနိုင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။

ယူနိုက်တက် ဒဏ်ရာရလူစာရင်း – ဂါနာချို၊ အဲရစ်ဆင်၊ ဗန်ဒီဘိခ်(သေချာပေါက်လွဲ)၊ ကတ်စ်မဲရိုး(ပွဲပယ်)၊ အန်တိုနီ၊ မာရှယ်(မသေချာ)
ဖူလ်ဟမ် ဒဏ်ရာရလူစာရင်း – ကာဇာဝါ၊ ကီဘာနို၊ ကာနေး(သေချာပေါက်လွဲ)၊ ဝီလျံ(မသေချာ)

ခန့်မှန်းပွဲထွက်လူစာရင်း- ဒီဂီယာ၊ဘစ်ဆာကာ၊ဗာရန်း၊မာတီနက်စ်၊လုခ်ရှော၊ဆာဘစ်ဇာ၊ဖရက်ဒ်၊ဖာနန်ဒက်စ်၊ဆန်ချို၊ဝဂ်ဟော့စ်၊ရပ်ရှ်ဖို့ဒ်။

Zawgyi

ယူနိုက္တက္က ပရီးမီးယားလိဂ္ ခ်န္ပီယံ ေမၽွာ္လင့္ခ်က္ ေမွးမွိန္သြားေပမယ့္ ယူရိုပါလိဂ္မွာေရာ အက္ဖ္ေအဖလားမွာပါ ကြာတား အဆင့္ေတြ ေရာက္ထားၿပီး ဆုဖလား အခြင့္အေရးေတြ ရွိေနပါတယ္။

ယူနိုက္တက္အသင္းဟာ ယေန႔ညမွာ FA ဖလားကြာတားဖိုင္နယ္အျဖစ္ ဖူဟမ္ကိုအိမ္ကြင္းမွာ လက္ခံကစားသြားရေတာ့မွာပါေတြ႕ဆုံမွုတိုင္းအျမဲအသာရေလ့ရွိတဲ့ ယူနိုက္တက္အေနနဲ႔ဒီပြဲမွာလဲ အင္တာေနရွင္နယ္ ၿပိဳင္ပြဲရွိတာေၾကာင့္ ေသျခာေပါက္ ကစားသမားအစုံအလင္နဲ႔ပြဲထြက္လာမွာပါ ဒါေပမဲ့လဲ FA ဖလားၿပိဳင္ပြဲျဖစ္တာေၾကာင့္ လူစာရင္းအေျပာင္းအလဲမ်ားစြာလဲျပဳလုပ္လာနိုင္ပါတယ္ ။

ယူနိုက္တက္ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့
ဒန္နီရယ္ဂ်ိမ္း အန္ဒါပါရဲယား တို႔ဖူဟမ္ဘက္မွာပါဝင္လာနိုင္သလို အဓိကတိုက္စစ္မွုး မီထရိုဗစ္လဲပါဝင္လာနိုင္တာေၾကာင့္ ေပါ့ေပါ့တန္တန္ေတာ့ မကစားသင့္ဘူးလို႔ထင္ပါတယ္။

ယူနိုက္တဒ္လူစာရင္းမွာ ကြင္းလယ္ကအားအနည္းဆုံးျဖစ္နိုင္ၿပီး ဖုလ္ဟမ္ရဲ့ ေပၚလင္ဟာ နဲ႔ ပါရဲရား တို႔ ကြင္းလယ္က အသာစီးရေနပါတယ္။တန္ဟဂ္ အတြက္ ဆဘစ္ဇာ-ဖရဒ္ အတြဲကသာ အသုံးျပဳနိုင္တဲ့အေျခအေနျဖစ္လို႔ ဖူလ္ဟမ္နည္းၿပ မာကိုေဆးလ္ဗား ရဲ့ high press ကို အေတာ္ေလး ေတာင့္ခံနိုင္မွ ေတာ္ကာက်ပါလိမ့္မယ္။

အထူးသျဖင့္ ယူနိုက္တဒ္ ခံစစ္ နဲ႔ ကြင္းလယ္ၾကားမွာ link up play ပ်က္ေနၿပီး ၿပိဳင္ဘက္က 3 vs 2 အေျခအေနေတြ မၾကာခဏ ဖန္တီးနိုင္လာတာေၾကာင့္ ဂ႐ုျပဳသင့္ၿပီးယခင္လို ခံစစ္တန္းတစ္ခုထဲကသာ အဖ်တ္တာဝန္ကို မနိုင္ဝန္ထမ္းထားရတာမ်ိဴး ၾကဳံေတြ႕ေနရပါတယ္။

တန္ဟဂ္ အေနနဲ႔ အဆိုပါျပသနာကိုေျဖရွင္းဖို႔ ဘ႐ူနို ကို drop back လုပ္ၿပီး ဆန္ခ်ိဴ ကို No(10) အျဖစ္အသုံးျပဳခဲ့ေပမယ့္ အလုပ္မျဖစ္လို႔ အေျဖသစ္ရွာေဖြေနပါတယ္။ဒီပြဲမွာအားထားရမယ့္ ကစားသမားက ရရွ္ဖိုဒ့္ ပဲ ျဖစ္ၿပီး ၿပီးခဲ့တဲ့ပြဲမွာ အပိုင္အခြင့္အေရးေတြ ျဖဳန္းခဲ့လို႔ ဒီလိုအေရးႀကီးပြဲမ်ိဳးမွာ သူ႔ရဲ့စြမ္းေဆာင္ရည္ေကာင္းေတြကို ထပ္ၿပီးျပသနိုင္ဖို႔အေရးတႀကီးလိုအပ္ေနပါတယ္။

ယူနိုက္တက္ ဒဏ္ရာရလူစာရင္း – ဂါနာခ်ိဳ၊ အဲရစ္ဆင္၊ ဗန္ဒီဘိခ္(ေသခ်ာေပါက္လြဲ)၊ ကတ္စ္မဲရိုး(ပြဲပယ္)၊ အန္တိုနီ၊ မာရွယ္(မေသခ်ာ)
ဖူလ္ဟမ္ ဒဏ္ရာရလူစာရင္း – ကာဇာဝါ၊ ကီဘာနို၊ ကာေနး(ေသခ်ာေပါက္လြဲ)၊ ဝီလ်ံ(မေသခ်ာ)

ခန့္မွန္းပြဲထြက္လူစာရင္း- ဒီဂီယာ၊ဘစ္ဆာကာ၊ဗာရန္း၊မာတီနက္စ္၊လုခ္ေရွာ၊ဆာဘစ္ဇာ၊ဖရက္ဒ္၊ဖာနန္ဒက္စ္၊ဆန္ခ်ိဳ၊ဝဂ္ေဟာ့စ္၊ရပ္ရွ္ဖို႔ဒ္။

Be the first to comment

Leave a Reply

Your email address will not be published.


*