
နာပိုလီဟာ လက်ရှိရာသီကို မယုံနိုင်စရာ ခြေစွမ်းကောင်းတွေ ပြသနေပြီး နည်းပြလူစီယာနိုစပယ်လက်တီနဲ့အတူ ၃၃ နှစ်ကြာ စောင့်ဆိုင်းနေရတဲ့ စီးရီးအေချန်ပီယံဆုကိုလည်း ရယူနိုင်ဖို့ နီးစပ်လျက်ရှိပါတယ်။
ဒီရာသီ လိဂ်ပွဲစဉ် ၂၆ ပွဲမှာ ၂၂ ပွဲနိုင်ပြီး ဒုတိယနေရာက အင်တာမီလန်ကို ၁၈ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုလည်း အီတလီပြည်တွင်း ပြိုင်ဘက်အေစီမီလန်နဲ့အတူ တက်ရောက်ထားပြီး ဖြစ်ပါတယ်။
ဒီရာသီ အောင်မြင်မှုတွေနဲ့အတူ နာပိုလီကြယ်ပွင့်တွေဟာလည်း ဥရောပထိပ်သီးအသင်းတွေရဲ့ အာရုံစိုက်မှုကို ရရှိလာကြပါတယ်။ သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက်ဟာ အိုဆီမန်နဲ့ ဂင်မင်ဂျယ်ကို နာပိုလီဆီကနေ တစ်ပြိုင်တည်း ခေါ်ယူချင်နေပြီး ပေါင် ၁၄၃ သန်းထိ သုံးစွဲဖို့ ပြင်ဆင်ထားပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက တိုက်စစ်ပိုင်းအတွက် ဝက်ဂ်ဟော့စ်တစ်ဦးတည်းကိုသာ အငှားနဲ့ခေါ်ယူ အင်အားဖြည့်ထားခဲ့ပါတယ်။ ဒါပေမယ့် နယ်သာလန်သားဟာ နည်းပြတန်ဟတ် လက်အောက်မှာ ၁၇ ပွဲထိ ကစားခွင့် ရခဲ့ပေမယ့်လည်း သွင်းဂိုးကတော့ ၂ ဂိုးသာ သွင်းထားနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့အငှားစာချုပ် ကုန်ဆုံးတာနဲ့ မိခင်ကလပ် ဘန်လေကိုပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။
အန်တိုနီမာရှယ်ရဲ့ အနာဂတ်ကလည်း မရေရာတော့တာကြောင့် ယူနိုက်တက်က နွေရာသီအပြောင်းအရွှေ့မှာ အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ကြိုးစားလျက်ရှိပါတယ်။ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ သတင်းတွေထွက်နေပေမယ့် အိုဆီမန်ကတော့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးပစ်မှတ်တွေထဲက ထိပ်တန်းပစ်မှတ်တစ်ခု ဖြစ်ပါတယ်။ နိုက်ဂျီးရီးယားသားဟာ ဒီရာသီလိဂ် ၂၂ ပွဲမှာ ၁၉ ဂိုးထိ သွင်းပြီးစီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။ အိုဆီမန်ဟာ ၂၀၂၅ ဇွန်လထိ စာချုပ်သက်တမ်းရှိနေတာကြောင့် ယူနိုက်တက်အနေနဲ့ အနည်းဆုံးပေါင်သန်း ၁၀၀ ခန့် ပေးချေရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ ခံစစ်ပိုင်းကိုလည်း အင်အားဖြည့်ဖို့စီစဉ်ထားပြီး နာပိုလီမှာ ကင်မင်ဂျယ်ကစားတဲ့ ပွဲတွေကို ကင်းထောက်ခဲ့ရာမှာတော့ မှတ်ချက်ကောင်းတွေချည့်ပဲ ရရှိခဲ့တယ်လို့သိရပါတယ်။ တောင်ကိုရီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဖီနာဘာချီကနေ ရောက်လာတာဖြစ်ပြီး ဒီရာသီ နာပိုလီရဲ့ လိဂ်ပွဲစဉ် ၂၆ ပွဲမှာ ၂၅ ပွဲထိ ပွဲထွက်ကစားခွင့်ရရှိထားသလို သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ရရှိထားပါတယ်။ ကင်မင်ဂျယ်ကလည်း ၂၀၂၅ ထိ စာချုပ်သက်တမ်းရှိနေသလို နောက်ထပ် ၂ နှစ်သက်တမ်းတိုးခွင့်လည်း ရှိနေပေမယ့် ဇူလိုင်လမှာအသက်ဝင်မယ့် ပေါင် ၄၃ သန်းနဲ့ စာချုပ်ဖျက်သိမ်းကြေးလည်း ပါဝင်နေပါတယ်။
Zawgyi
နာပိုလီဟာ လက္ရွိရာသီကို မယုံနိုင္စရာ ေျခစြမ္းေကာင္းေတြ ျပသေနၿပီး နည္းျပလူစီယာနိုစပယ္လက္တီနဲ႔အတူ ၃၃ ႏွစ္ၾကာ ေစာင့္ဆိုင္းေနရတဲ့ စီးရီးေအခ်န္ပီယံဆုကိုလည္း ရယူနိုင္ဖို႔ နီးစပ္လ်က္ရွိပါတယ္။
ဒီရာသီ လိဂ္ပြဲစဥ္ ၂၆ ပြဲမွာ ၂၂ ပြဲနိုင္ၿပီး ဒုတိယေနရာက အင္တာမီလန္ကို ၁၈ မွတ္ ျဖတ္ထားနိုင္ၿပီ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကိုလည္း အီတလီျပည္တြင္း ၿပိဳင္ဘက္ေအစီမီလန္နဲ႔အတူ တက္ေရာက္ထားၿပီး ျဖစ္ပါတယ္။
ဒီရာသီ ေအာင္ျမင္မွုေတြနဲ႔အတူ နာပိုလီၾကယ္ပြင့္ေတြဟာလည္း ဥေရာပထိပ္သီးအသင္းေတြရဲ့ အာ႐ုံစိုက္မွုကို ရရွိလာၾကပါတယ္။ သတင္းေတြအရေတာ့ မန္ခ်က္စတာယူနိုက္တက္ဟာ အိုဆီမန္နဲ႔ ဂင္မင္ဂ်ယ္ကို နာပိုလီဆီကေန တစ္ၿပိဳင္တည္း ေခၚယူခ်င္ေနၿပီး ေပါင္ ၁၄၃ သန္းထိ သုံးစြဲဖို႔ ျပင္ဆင္ထားပါတယ္။ ယူနိုက္တက္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလတုန္းက တိုက္စစ္ပိုင္းအတြက္ ဝက္ဂ္ေဟာ့စ္တစ္ဦးတည္းကိုသာ အငွားနဲ႔ေခၚယူ အင္အားျဖည့္ထားခဲ့ပါတယ္။ ဒါေပမယ့္ နယ္သာလန္သားဟာ နည္းျပတန္ဟတ္ လက္ေအာက္မွာ ၁၇ ပြဲထိ ကစားခြင့္ ရခဲ့ေပမယ့္လည္း သြင္းဂိုးကေတာ့ ၂ ဂိုးသာ သြင္းထားနိုင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ့အငွားစာခ်ဳပ္ ကုန္ဆုံးတာနဲ႔ မိခင္ကလပ္ ဘန္ေလကိုျပန္လည္ ေျပာင္းေရႊ႕ဖြယ္ ရွိေနပါတယ္။
အန္တိုနီမာရွယ္ရဲ့ အနာဂတ္ကလည္း မေရရာေတာ့တာေၾကာင့္ ယူနိုက္တက္က ေႏြရာသီအေျပာင္းအေရႊ႕မွာ အရည္အေသြးျမင့္ တိုက္စစ္မွူးတစ္ဦးကို ေခၚယူဖို႔ႀကိဳးစားလ်က္ရွိပါတယ္။ ေတာ့တင္ဟမ္တိုက္စစ္မွူး ဟယ္ရီကိန္းနဲ႔ သတင္းေတြထြက္ေနေပမယ့္ အိုဆီမန္ကေတာ့ ယူနိုက္တက္ရဲ့ တိုက္စစ္မွူးပစ္မွတ္ေတြထဲက ထိပ္တန္းပစ္မွတ္တစ္ခု ျဖစ္ပါတယ္။ နိုက္ဂ်ီးရီးယားသားဟာ ဒီရာသီလိဂ္ ၂၂ ပြဲမွာ ၁၉ ဂိုးထိ သြင္းၿပီးစီးရီးေအရဲ့ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနပါတယ္။ အိုဆီမန္ဟာ ၂၀၂၅ ဇြန္လထိ စာခ်ဳပ္သက္တမ္းရွိေနတာေၾကာင့္ ယူနိုက္တက္အေနနဲ႔ အနည္းဆုံးေပါင္သန္း ၁၀၀ ခန႔္ ေပးေခ်ရဖို႔ ရွိေနပါတယ္။
ယူနိုက္တက္ဟာ ခံစစ္ပိုင္းကိုလည္း အင္အားျဖည့္ဖို႔စီစဥ္ထားၿပီး နာပိုလီမွာ ကင္မင္ဂ်ယ္ကစားတဲ့ ပြဲေတြကို ကင္းေထာက္ခဲ့ရာမွာေတာ့ မွတ္ခ်က္ေကာင္းေတြခ်ည့္ပဲ ရရွိခဲ့တယ္လို႔သိရပါတယ္။ ေတာင္ကိုရီးယားလက္ေရြးစင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ဖီနာဘာခ်ီကေန ေရာက္လာတာျဖစ္ၿပီး ဒီရာသီ နာပိုလီရဲ့ လိဂ္ပြဲစဥ္ ၂၆ ပြဲမွာ ၂၅ ပြဲထိ ပြဲထြက္ကစားခြင့္ရရွိထားသလို သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမွု ၁ ႀကိမ္လည္း ရရွိထားပါတယ္။ ကင္မင္ဂ်ယ္ကလည္း ၂၀၂၅ ထိ စာခ်ဳပ္သက္တမ္းရွိေနသလို ေနာက္ထပ္ ၂ ႏွစ္သက္တမ္းတိုးခြင့္လည္း ရွိေနေပမယ့္ ဇူလိုင္လမွာအသက္ဝင္မယ့္ ေပါင္ ၄၃ သန္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းေၾကးလည္း ပါဝင္ေနပါတယ္။
Leave a Reply