
မန်ယူနိုက်တဒ်ပိုင်ရှင်သစ်တွေ ဖြစ်လာတော့မယ့် ကာတာအဖွဲ့စည်းဟာ ကြာသပတေးနေ့ တွေ့ဆုံမှုအတွင်း သူတို့ရဲ့ အသင်းအပေါ်ထားရှိတဲ့ စီမံကိန်းတွေကိုချပြခဲ့တဲ့အထဲမှာ ပရိတ်သတ်တွေ ကိုယ်တိုင် အပြောင်းရွှေ့မှာ ပါဝင်မဲပေးခွင့်ရှိမယ့်အချက်ကို ချပြခဲ့တယ်လို့သိရပါတယ်။
ပိုင်ရှင်သစ်အပြောင်းအလဲကိစ္စတွေနဲ့အတူ ယူနိုက်တက်ဘက်မှ အသင်းကိုအကောင်းဆုံးနိုင်ပွဲတွေရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ နည်းပြတန်ဟတ်ကို စာချုပ်သက်တမ်းတိုးဖို့ ပြင်လာပြီပဲဖြစ်ပါတယ်ေ။
ယူနိုက်တက်ကိုဝယ်ယူဖို့ ဆက်တိုက်ဆွေးနွေးမှုတွေပြုလုပ်ေနေတဲ့ Sir Jim Ratcliffe ၏ Ineos Group နှင့် Sheikh Jassim ၏ 92 Foundation တို့နှစ်ဖွဲ့စလုံးသည် Erik ten Hag မှာ အသင်းအား ထိပ်ဆုံးသို့ ပြန်ပို့ဆောင်ပေးမည့် နည်းပြတစ်ဦးဖြစ်ကြောင်း ယုံကြည်နေကြခြင်းဖြစ်သည်။
အသင်းအား မည်သူဝယ်ယူပိုင်ဆိုင်သည်ဖြစ်စေ နည်းပြ Erik ten Hag အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ထားကြောင်း သိရသည်။ယူနိုက်တက်အသင်းဟာ Erik ရောက်ရှိလာပြီးနောက်ပိုင်း သိသိသာသာတိုးတက်လာခဲ့ခြင်းကြောင့် ယခုလိုစီစဉ်ခြင်းဖြစ်သည်။ယူနိုက်တက်ဘက်က အဲရစ်တတ်ဟတ်အား စာချုပ်သစ်သက်တမ်းတိုး၍ အသင်းအား၎င်းစိတ်တိုင်းကျ အားဖြည့်ပေးလိုကြောင်း ပြောကြားထားတယ်လို့သိရပါတယ်။
Zawgyi
ယူနိုက်တက်ကိုဝယ်ယူဖို့ ဆက်တိုက်ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ Sir Jim Ratcliffe ၏ Ineos Group နှင့် Sheikh Jassim ၏ 92 Foundation တို့နှစ်ဖွဲ့စလုံးသည် Erik ten Hag မှာ အသင်းအား ထိပ်ဆုံးသို့ ပြန်ပို့ဆောင်ပေးမည့် နည်းပြတစ်ဦးဖြစ်ကြောင်း ယုံကြည်နေကြခြင်းဖြစ်သည်။
Leave a Reply