
မားကပ်ရက်ဖို့ဒ်ဟာ ကီလီယမ် အမ်ဘာပေနဲ့အတူ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံချင်ရင် ပိုပြီး တည်ငြိမ်မှုရှိရမယ်လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက သတိပေးခဲ့ပါတယ်။ အခုချိန်မှာ အမ်ဘာပေကသာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ၎င်းက ယုံကြည်နေတာပါ။ ဒါပေမယ့် ရက်ဖို့ဒ်နဲ့ အမ်ဘာပေကြားမှာ အနည်းငယ် ခြားနားမှုရှိတယ်လို့လဲ ဆာဟာက ပြောကြားခဲ့ပါတယ်။
ရက်ဖို့ဒ်ဟာ ဒီရာသီ ကလပ်နဲ့ နိုင်ငံအတွက် ၂၉ဂိုး သွင်းယူပေးခဲ့ပြီး တန်ဟက်လက်အောက်မှာ အဆင့်တန်းသစ်တစ်ခုကို မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ဆိုရင် ဒီထက်ပိုပြီးတော့တောင် တည်ငြိမ်မှုရှိအောင်လုပ်ဖို့ ဆာဟာက တိုက်တွန်းခဲ့တာပါ။
“လက်ရှိခြေစွမ်းအရ ကီလီယမ် အမ်ဘာပေက မားကပ်ရက်ဖို့ဒ်ထက်ပိုပြီး ကမ္ဘာ့အကေင်းဆုံး တိုက်စစ်မှူး ဖြစ်နေပါတယ်။ ဒါပေမယ့် ပြင်သစ်လိဂ်က ပရီးမီးယားလိဂ်လောက် ပြိုင်ဆိုင်မှုမပြင်းထန်လို့ ရက်ဖို့ဒ်က အမ်ဘာပေထက် ပိုသာတယ်ဆိုပြီးတော့လဲ တချို့က ငြင်းကြတယ်။ မနှစ်က ရက်ဖို့ဒ်ကိုကြည့်ရတာ ခက်ခဲခဲ့တယ်။ ဒါပေမယ့်ဒီရာသီမှာတော့ သူက လက်ဖျားခါလောက်အောင်ကို ကောင်းခဲ့တာပါ။ သူ့ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်လိုက်တာက သိပ်ကောင်းပါတယ်။ “
“သူတို့နှစ်ယောက်လုံးမှာ အရှိန်အဟုန်၊ စကေးတွေနဲ့ ပတ်သက်ပြီး တူညီတဲ့အရည်အသွေးရှိကြတယ်။ သူတို့က ဂိုးရှေ့မှာ အင်အားကြီးမားကြတယ်။ ဒါပေမယ့် အမ်ဘာပေက စွယ်စုံရတဲ့ အဆုံးသတ်စွမ်းရည်ကြောင့် ပိုသာပါတယ်။ ရက်ဖို့ဒ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ဖို့ဆိုရင် ပိုပြီး ခြေစွမ်းတည်ငြိမ်မှု လိုအပ်ပါတယ်။ ဒါက သူတို့နှစ်ယောက်ကြားက ကွာဟချက်ပဲ။ ဒါကြောင့် သူသာ ပိုတည်ငြိမ်လာရင် နှစ်ယောက်ကြား ကွာဟချက် ကျဉ်းမြောင်းသွားမှာပါ”လို့ ဆာဟာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။crd
Zawgyi
မားကပ္ရက္ဖို႔ဒ္ဟာ ကီလီယမ္ အမ္ဘာေပနဲ႔အတူ ကမၻာ့အေကာင္းဆုံး တိုက္စစ္မွူးအျဖစ္ သတ္မွတ္ခံခ်င္ရင္ ပိုၿပီး တည္ၿငိမ္မွုရွိရမယ္လို႔ ယူနိုက္တက္တိုက္စစ္မွူးေဟာင္း လူးဝစ္ဆာဟာက သတိေပးခဲ့ပါတယ္။ အခုခ်ိန္မွာ အမ္ဘာေပကသာ ကမၻာ့အေကာင္းဆုံးတိုက္စစ္မွူးျဖစ္တယ္လို႔ ၎က ယုံၾကည္ေနတာပါ။ ဒါေပမယ့္ ရက္ဖို႔ဒ္နဲ႔ အမ္ဘာေပၾကားမွာ အနည္းငယ္ ျခားနားမွုရွိတယ္လို႔လဲ ဆာဟာက ေျပာၾကားခဲ့ပါတယ္။
ရက္ဖို႔ဒ္ဟာ ဒီရာသီ ကလပ္နဲ႔ နိုင္ငံအတြက္ ၂၉ဂိုး သြင္းယူေပးခဲ့ၿပီး တန္ဟက္လက္ေအာက္မွာ အဆင့္တန္းသစ္တစ္ခုကို ျမႇင့္တင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ကမၻာ့အေကာင္းဆုံးျဖစ္ဖို႔ဆိုရင္ ဒီထက္ပိုၿပီးေတာ့ေတာင္ တည္ၿငိမ္မွုရွိေအာင္လုပ္ဖို႔ ဆာဟာက တိုက္တြန္းခဲ့တာပါ။
“လက္ရွိေျခစြမ္းအရ ကီလီယမ္ အမ္ဘာေပက မားကပ္ရက္ဖို႔ဒ္ထက္ပိုၿပီး ကမၻာ့အေကင္းဆုံး တိုက္စစ္မွူး ျဖစ္ေနပါတယ္။ ဒါေပမယ့္ ျပင္သစ္လိဂ္က ပရီးမီးယားလိဂ္ေလာက္ ၿပိဳင္ဆိုင္မွုမျပင္းထန္လို႔ ရက္ဖို႔ဒ္က အမ္ဘာေပထက္ ပိုသာတယ္ဆိုၿပီးေတာ့လဲ တခ်ိဳ႕က ျငင္းၾကတယ္။ မႏွစ္က ရက္ဖို႔ဒ္ကိုၾကည့္ရတာ ခက္ခဲခဲ့တယ္။ ဒါေပမယ့္ဒီရာသီမွာေတာ့ သူက လက္ဖ်ားခါေလာက္ေအာင္ကို ေကာင္းခဲ့တာပါ။ သူ႔ယုံၾကည္မွုကို ျပန္တည္ေဆာက္နိုင္လိုက္တာက သိပ္ေကာင္းပါတယ္။ “
“သူတို႔ႏွစ္ေယာက္လုံးမွာ အရွိန္အဟုန္၊ စေကးေတြနဲ႔ ပတ္သက္ၿပီး တူညီတဲ့အရည္အေသြးရွိၾကတယ္။ သူတို႔က ဂိုးေရွ႕မွာ အင္အားႀကီးမားၾကတယ္။ ဒါေပမယ့္ အမ္ဘာေပက စြယ္စုံရတဲ့ အဆုံးသတ္စြမ္းရည္ေၾကာင့္ ပိုသာပါတယ္။ ရက္ဖို႔ဒ္အေနနဲ႔ ကမၻာ့အေကာင္းဆုံး တိုက္စစ္မွူးျဖစ္ဖို႔ဆိုရင္ ပိုၿပီး ေျခစြမ္းတည္ၿငိမ္မွု လိုအပ္ပါတယ္။ ဒါက သူတို႔ႏွစ္ေယာက္ၾကားက ကြာဟခ်က္ပဲ။ ဒါေၾကာင့္ သူသာ ပိုတည္ၿငိမ္လာရင္ ႏွစ္ေယာက္ၾကား ကြာဟခ်က္ က်ဥ္းေျမာင္းသြားမွာပါ”လို႔ ဆာဟာက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။crd
Leave a Reply