
ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ကာတာ စော်ဘွား တဦး ဖြစ်သူ အယ် သနီက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ အတွက် ယူနိုက်တက်ပိုင်ရှင် ဖြစ်တဲ့ ဂလေဇာမိသားစုရဲ့ တောင်းဆိုချက် ဖြစ်တဲ့ ပေါင် ၆ ဘီလီယံကို ပေးချေရန် ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကုန်ခါနီးမှာ သူတို့ ပိုင်ဆိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချတော့မယ်လို့ တရားဝင် ကြေညာခဲ့ပြီး ဂလေဇာမိသားစုရဲ့ ကြေညာချက် အပြီးမှာ ကာတာစော်ဘွား အယ် သနီ ၊ ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
အယ် သနီနဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဦးဆုံးအကြိမ် ကမ်းလှမ်းမှုတွေ အဖြစ် ပေါင် ၄.၅ ဘီလီယံနဲ့ ပေါင် ၅ဘီလီယံကြား ကမ်းလှမ်းမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပြီး ဂလေဇာမိသားစုက သူတို့ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အယ် သနီနဲ့ ရက်ကလစ်ဖ်တို့ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ကာ သူတို့ရဲ့ အတွေးအခေါ်တွေ ၊ အနာဂတ် စီမံကိန်းတွေ အကြောင်းကို နားထောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အယ် သနီနဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက် အတွက် သူတို့ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုတွေကို ဂလေဇာမိသားစုထံ ပေးပို့ရတော့မှာ ဖြစ်ပြီး ကာတာစော်ဘွား ဖြစ်တဲ့ အယ် သနီက မန်ချက်စတာ ယူနိုက်တက် အတွက် ငွေပုံပေးဖို့ ဆုံးဖြတ်ထားကြောင်း နီးစပ်သူတွေက ဆိုကြပါတယ်။
Sky Sports သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် ဆိုလ်ဟယ်ကိုရဲ့ ဖော်ပြချက်အရ အယ် သနီက ဂလေဇာမိသားစုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက်ကို ငွေကြေး ပုံပေးကာ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အယ် သနီက မန်ချက်စတာ ယူနိုက်တက် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် ၆ဘီလီယံနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
Zawgyi
ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္ကို ဝယ္ယူဖို႔ ႀကိဳးစားေနတဲ့ ကာတာ ေစာ္ဘြား တဦး ျဖစ္သူ အယ္ သနီက မန္ခ်က္စတာ ယူနိုက္တက္ကို ဝယ္ယူနိုင္ဖို႔ အတြက္ ယူနိုက္တက္ပိုင္ရွင္ ျဖစ္တဲ့ ဂေလဇာမိသားစုရဲ့ ေတာင္းဆိုခ်က္ ျဖစ္တဲ့ ေပါင္ ၆ ဘီလီယံကို ေပးေခ်ရန္ ျပင္ဆင္ေနေၾကာင္း နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Sky Sports သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ရဲ့ ပိုင္ရွင္မိသားစု ျဖစ္တဲ့ ဂေလဇာမိသားစုက ၿပီးခဲ့တဲ့ ၂၀၂၂ခုႏွစ္ ကုန္ခါနီးမွာ သူတို႔ ပိုင္ဆိုင္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ကို ေရာင္းခ်ေတာ့မယ္လို႔ တရားဝင္ ေၾကညာခဲ့ၿပီး ဂေလဇာမိသားစုရဲ့ ေၾကညာခ်က္ အၿပီးမွာ ကာတာေစာ္ဘြား အယ္ သနီ ၊ ၿဗိတိန္ရဲ့ အခ်မ္းသာဆုံး ပုဂၢိဳလ္ ရက္ကလစ္ဖ္တို႔က မန္ခ်က္စတာ ယူနိုက္တက္ကို ဝယ္ယူနိုင္ဖို႔ ကမ္းလွမ္းမွုေတြ အသီးသီး ျပဳလုပ္ခဲ့ၾကပါတယ္။
အယ္ သနီနဲ႔ ရက္ကလစ္ဖ္တို႔က မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ပထမဦးဆုံးအႀကိမ္ ကမ္းလွမ္းမွုေတြ အျဖစ္ ေပါင္ ၄.၅ ဘီလီယံနဲ႔ ေပါင္ ၅ဘီလီယံၾကား ကမ္းလွမ္းမွုေတြကို အသီးသီး ျပဳလုပ္ခဲ့ၾကၿပီး ဂေလဇာမိသားစုက သူတို႔ရဲ့ ကမ္းလွမ္းမွုေတြကို လက္ခံခဲ့သလို ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ အယ္ သနီနဲ႔ ရက္ကလစ္ဖ္တို႔ကို အိုးထရက္ဖို႔ဒ္ဆီ ေခၚကာ သူတို႔ရဲ့ အေတြးအေခၚေတြ ၊ အနာဂတ္ စီမံကိန္းေတြ အေၾကာင္းကို နားေထာင္ခဲ့ပါတယ္။
လက္ရွိမွာေတာ့ အယ္ သနီနဲ႔ ရက္ကလစ္ဖ္တို႔က မန္ခ်က္စတာ ယူနိုက္တက္ အတြက္ သူတို႔ရဲ့ ဒုတိယအႀကိမ္ ကမ္းလွမ္းမွုေတြကို ဂေလဇာမိသားစုထံ ေပးပို႔ရေတာ့မွာ ျဖစ္ၿပီး ကာတာေစာ္ဘြား ျဖစ္တဲ့ အယ္ သနီက မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ေငြပုံေပးဖို႔ ဆုံးျဖတ္ထားေၾကာင္း နီးစပ္သူေတြက ဆိုၾကပါတယ္။
Sky Sports သတင္းဌာနရဲ့ ပင္တိုင္ သတင္းေထာက္ ဆိုလ္ဟယ္ကိုရဲ့ ေဖာ္ျပခ်က္အရ အယ္ သနီက ဂေလဇာမိသားစုနဲ႔ ေဆြးေႏြးမွုေတြ ျပဳလုပ္အၿပီးမွာ မန္ခ်က္စတာ ယူနိုက္တက္ကို ေငြေၾကး ပုံေပးကာ ဝယ္ယူဖို႔ ဆုံးျဖတ္ခဲ့ၿပီး အယ္ သနီက မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ဒုတိယအႀကိမ္ ကမ္းလွမ္းမွု အျဖစ္ ေပါင္ ၆ဘီလီယံနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။
Leave a Reply