
မနေ့ကညနေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဆီဗီလာနဲ့ တွေ့ဆုံခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ စပိန်လာလီဂါကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် စပိန်ကလပ်အသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်သမိုင်းကြွေးရှိခဲ့တဲ့ ဆီဗီလာနဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆီဗီလာကို ၂ ကျော့ပေါင်း ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာကို ၂-၁ နဲ့ပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ၃ နှစ်နီးပါးအကြာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံနေပြီဖြစ်ပါတယ်။
ဆီဗီလာအသင်းနှင့်ယှဉ်ပြိုင်ရမည့်အပေါ် Ten Hag က “ဆီဗီလာကိုပြန်သွားပြီး မင်းပြောသလိုပဲ ငါတို့သတိထားရမှာက အရမ်းကောင်းတဲ့ မှတ်တမ်းတစ်ခုပါ။ ခက်ခဲလိမ့်မယ်၊ သူတို့က ယူရိုပါလိဂ်မှာ အရမ်းအတွေ့အကြုံရှိပြီး၊ အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့တာပါ” လို့ မှတ်ချက်ပေးသွားတာဖြစ်ပါတယ်။
Leave a Reply