
မနေ့ကညနေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဆီဗီလာနဲ့ တွေ့ဆုံခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ စပိန်လာလီဂါကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် စပိန်ကလပ်အသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်သမိုင်းကြွေးရှိခဲ့တဲ့ ဆီဗီလာနဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆီဗီလာကို ၂ ကျော့ပေါင်း ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာကို ၂-၁ နဲ့ပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ၃ နှစ်နီးပါးအကြာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံနေပြီဖြစ်ပါတယ်။
ဆီဗီလာအသင်းနှင့်ယှဉ်ပြိုင်ရမည့်အပေါ် Ten Hag က “ဆီဗီလာကိုပြန်သွားပြီး မင်းပြောသလိုပဲ ငါတို့သတိထားရမှာက အရမ်းကောင်းတဲ့ မှတ်တမ်းတစ်ခုပါ။ ခက်ခဲလိမ့်မယ်၊ သူတို့က ယူရိုပါလိဂ်မှာ အရမ်းအတွေ့အကြုံရှိပြီး၊ အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့တာပါ” လို့ မှတ်ချက်ပေးသွားတာဖြစ်ပါတယ်။
Zawgyi
မေန႔ကညေနမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ မဲခြဲပြဲမွာ မန္ခ်က္စတာယူနိုက္တက္အသင္းက ဆီဗီလာနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ဟာ ၁၆ သင္းရွုံးထြက္အဆင့္မွာ စပိန္လာလီဂါကလပ္အသင္းျဖစ္တဲ့ ရီးရဲလ္ဘက္တစ္နဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ စပိန္ကလပ္အသင္းနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ၿပီး ယူရိုပါလိဂ္သမိုင္းေႂကြးရွိခဲ့တဲ့ ဆီဗီလာနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ ၁၆ သင္းရွုံးထြက္အဆင့္မွာ ဆီဗီလာကို ၂ ေက်ာ့ေပါင္း ၂-၁ နဲ႔ ရွုံးနိမ့္ခဲ့ၿပီးေနာက္ ၂၀၂၀ ခုႏွစ္ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာ ထပ္မံေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ အိုေလဂန္နာ ဆိုးလ္ရွားရဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဆီဗီလာကို ၂-၁ နဲ႔ပဲ ရွုံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ ၃ ႏွစ္နီးပါးအၾကာ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္မွာ ထပ္မံေတြ႕ဆုံေနၿပီျဖစ္ပါတယ္။
ဆီဗီလာအသင္းႏွင့္ယွဥ္ၿပိဳင္ရမည့္အေပၚ Ten Hag က “ဆီဗီလာကိုျပန္သြားၿပီး မင္းေျပာသလိုပဲ ငါတို႔သတိထားရမွာက အရမ္းေကာင္းတဲ့ မွတ္တမ္းတစ္ခုပါ။ ခက္ခဲလိမ့္မယ္၊ သူတို႔က ယူရိုပါလိဂ္မွာ အရမ္းအေတြ႕အၾကဳံရွိၿပီး၊ အႀကိမ္ေပါင္းမ်ားစြာ အနိုင္ရခဲ့တာပါ” လို႔ မွတ္ခ်က္ေပးသြားတာျဖစ္ပါတယ္။
Leave a Reply