UFC 286 ရဲ့ အကြမ်းစားပွဲစဉ်တစ်ပွဲ ဖြစ်လာမယ့် Gaethje Vs Fiziev ‼️

UFC 286 ကတော့ ခေါင်ပွဲတစ်ပွဲတင် စိတ်ဝင်စားစရာကောင်းတာတော့ မဟုတ်ပါဘူး။

Gaethje နဲ့ Fiziev ရဲ့ Co-main ပွဲစဉ်ကလည်း ပရိတ်သတ်စိတ်ကြိုက် ကြမ်းပြရမ်းပြဦးမှာပါ



လိုက်ဝိတ်ချန်ပီယံဟောင်းတစ်ယောက်ဖြစ်တဲ့ Gaethje အနေနဲ့ UFC 274 မှာ Oliveira ကို ရှုံးနိမ့်ခဲ့တာကြောင့် လိုက်ဝိတ်ခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ အခွင့်အရေးတစ်ခုကို ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Fiziev ကို အနိုင်ယူပြီး ခါးပတ်လုခွင့်တောင်းနိုင်မယ့် အခွင့်ကောင်းတစ်ခု ပြန်ရောက်လာပါပြီ

Gaethje အနေနဲ့ Striking ကောင်းတယ်။ ပြိုင်ဘက်ကို အလဲထိုးနိုင်မယ့် ပါဝါကောင်းကောင်းလည်း ရှိတယ်



ခြေကန်ချက်လည်း ပြင်းပြီး Takedown Defense ကောင်းတဲ့ ဖိုက်တာတစ်ယောက် ဖြစ်ပါတယ်

လက်ရှိ Gaethje က လိုက်ဝိတ်တန်းရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး ၂၃ ပွဲထိုး ၁၉ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်

တစ်ဘက်က Fiziev ကလည်း နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပြီး Fight IQ အနေနဲ့ဆိုရင်လည်း မဆိုးလှပါဘူး

ကစ်ဘောင်ဆင်နယ်ပယ်ကမို့ လက်သီးတစ်ပေါက်ကတော့ လျှမ်းလျှမ်းတောက်ပါ



MMA Career တစ်လျှောက် ၁၂ ပွဲထိုး၊ ၁ပွဲသာ ရှုံးထားပြီး လက်ရှိ လိုက်ဝိတ်တန်းရဲ့ နံပါတ်(၆) နေရာမှာ ရပ်တည်နေပါတယ်။

ခြောက်ပွဲဆက် နိုင်ပွဲနဲ့အတူ Bobby Green နဲ့ Renato Moicano တို့လို ဖိုက်တာတွေကို အနိုင်ယူထားလို့ Gaethje အတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာမှာပါ။

ညီကိုတို့ရော Gaethje တစ်ယောက် Fiziev ကို အနိုင်ယူပြီး လိုက်ဝိတ်ခါးပတ်ကို စိန်ခေါ်ခွင့်ရသွားမယ် ထင်လားဗျ။

Zawgyi



















Be the first to comment

Leave a Reply

Your email address will not be published.


*